မြန်မာအလုပ်သမား ၅ သိန်းခွဲ ထိုင်းမှာ မှတ်ပုံတင်

ထိုင်းနိုင်ငံ အတွင်းမှာ ရှိတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို ဇွန်လ ၁၅ ရက်က စတင်ပြီး ဇူလိုင် ၁၄ ရက်နေ့ အထိ မှတ်ပုံတင်ခွင့် ပြုခဲ့ရာမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၅-သိန်းခွဲကျော် ပါဝင် မှတ်ပုံတင်ခဲ့ပါတယ်။

2011-07-15
Share
migrantlabor_registration_thai_2_305_z ၂၀၁၁ ခုနှစ် ဇွန် ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ မြန်မာရွေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကိစ္စကို ဆောင်ရွက်ပေးနေသည့် ထိုင်း လူဝင်မှုကြီးကြပ်ရေး မှတ်ပုံတင်ဌာနတခုတွင် အလုပ်သမားမှတ်ပုံတင် စာရင်းသွင်းနေသော မြန်မာရွေ့ပြောင်းအလုပ်သမားတဦး။
RFA

ထိုင်း လုပ်ငန်းရှင်ပေါင်း ၁ သိန်း ၃ သောင်းကျော်က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အလုပ်သမားပေါင်း ၈-သိန်းခွဲကျော်ကို မှတ်ပုံတင်ခဲ့ကြတာ ဖြစ်ပြီး အဲဒီ အထဲမှာ ကမ္ဘောဒီးယား နိုင်ငံသား ၂-သိန်းနီးပါးနဲ့ လာအို ၈-သောင်းခန့်တို့ ပါဝင်ပါတယ်။

မြန်မာ အလုပ်သမား အများဆုံး မှတ်ပုံတင်တဲ့ ဘန်ကောက်မြို့ အမှတ် ၇ ရုံးရဲ့ ညွှန်ကြားရေးမှူး ခွန် ဖိရိုင်ဆန် က “ဒီနေ့အထိ နောက်ဆုံးလာ မှတ်ပုံတင်တာ ၃ သောင်းခွဲ ရှိပါတယ်။ အဲဒီ အထဲမှာ မြန်မာ ၂ သောင်းခွဲ ပါပါတယ်” လို့ ပြောပါတယ်။

အလုပ်သမား ဘတ်လက်မှတ် ပြုလုပ်တဲ့ အချိန်ကာလ သတ်မှတ်ချက်ကို ထပ်မံ သက်တမ်း တိုးပေးမယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေတာ မမှန်ကန်ကြောင်း၊ ၁၄ ၇က်နေ့ဟာ နောက်ဆုံး ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူး က ပြောသွားပါတယ်။

အခုလို မှတ်ပုံတင် စာရင်းသွင်းမှုတွေ ပြီးစီးသွားပေမယ့် အလုပ်သမားတွေ အနေနဲ့ ကျန်းမာရေး စစ်ဆေးမှု ခံယူကာ အလုပ်သမား ဘတ်လက်မှတ် လက်ဝယ် ပိုင်ဆိုင်မှု ရဖို့ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။