နိုင်ငံတည်ဆောက်ရေး ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားများကို မင်းကိုနိုင် ဖိတ်ခေါ်

ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ မိမိတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေကို မြန်မာပြည် တည်ဆောက်ရေးကာလမှာ ပြန်ပြီး အသုံးချဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်ပါတယ်။

2012.03.12
min-ko-naing-bago-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်း ပဲခူးမြို့ခရီးစဉ် အတွင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် လူထုကို စကားပြောနေစဉ်။
RFA

တနင်္ဂနွေနေ့က နိုင်ငံတကာမှာ ကျင်းပတဲ့ ၂၄ နှစ်မြောက် ဖုန်းမော်နေ့ (သို့) မြန်မာနိုင်ငံ လူ့အခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေ အတွက် ၈၈ မျိုးဆက် ကျောင်းသားတွေ ကိုယ်စား ဗီဒီယို နှုတ်ခွန်းဆက် အခွေမှာ ကိုမင်းကိုနိုင်က အခုလို ပြောကြားသွားတာပါ။

"ရဲဘော်တို့ လေ့လာသင်ကြား ဆည်းပူးခဲ့သမျှဟာ ပြည်တွင်းမှာ ပြန်လည်တည်ဆောက်ရတဲ့ အားဖြစ်ပါစေ။ တိုင်းပြည်ကို တည်ဆောက်မယ့် အင်အားစုတွေဟာ အရှေ့ကို ရောက်လာပါလိမ့်မယ်။ ဒါဟာ လိုအပ်ချက်အတွက် ရိုးရိုးရှင်းရှင်း ရှုမြင်တာပါ။ အဲဒီတော့ ရဲဘော်တို့ သင်ကြားဆည်းပူးခဲ့သမျှကို အသုံးချဖို့ ပြင်ဆင်ပါတော့။ နောက်တခုက ပြည်ပမှာလည်း ရဲဘော်တို့က အခန်းအနားတွေကျင်းပနေရုံနဲ့ မပြီးသေးဘဲနဲ့ ပြည်တွင်းထဲမှာ ဒီထက် အားကောင်းအောင် ရဲဘော်တို့ ဘာလုပ်ပေးနိုင်မလဲဆိုတာ ကျတော်တို့ လက်တွေ့ကျကျ ကြည့်ချင်ပါတယ်။ အခုအချိန်မှာ ရောင်နီသန်းလာချိန်မှာ အားလုံးဟာ ဒေါင်းတွေအဖြစ် ပျံလာတာကို မြင်ချင်ပါတယ်။ အားလုံးသံပြိုင် အိုးဝေသံနဲ့ပဲ ညီချင်ပါတယ်။"

ကိုဖုန်းမော်နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ပြဌာန်းပေးဖို့ ဦးသိန်းစိန် အစိုးရကို တောင်းဆိုတဲ့ အကြောင်း အမေရိကန် ပြည်ထောင်စု အင်ဒီယားနားပြည်နယ်၊ ဖို့ဒ်ဝိန်းမြို့မှာ ကျင်းပတဲ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်လာတဲ့ မြန်မာကျောင်းသူ ဂေးမယ်ရီရာကလည်း ပြောပါတယ်။

မတ်လ (၁၃)ရက်နေ့မှာ ကျရောက်မယ့် ကိုဖုန်းမော်နေ့ အတွက် ကနေဒါ၊ တောင် ကိုးရီးယား၊ ထိုင်း၊ နယ်သာလန်၊ နော်ဝေး၊ ဒိန်းမတ်၊ အမေရိကန် စတဲ့ နိုင်ငံပေါင်း (၇) နိုင်ငံမှာရှိတဲ့ ၈၈မျိုးဆက် ကျောင်းသားတွေက အများ အားလပ်ရက် ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ အခမ်းအနားတွေ အသီးသီး ကျင်းပခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။