မင်းကိုနိုင်ကို မြို့ရွာတိုင်းက ကြိုဆို

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ သရက်ထောင်ကနေ ဇန်နဝါရီ ၁၃ ရက်နေ့မှာ လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ရန်ကုန်အပြန် လမ်းတလျှောက် မြို့ရွာတိုင်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။
2012-01-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို မကွေးတိုင်း ပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုနေစဉ်။
၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို မကွေးတိုင်း ပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုနေစဉ်။
Photo Courtesy of Messenger News Journal

ဒီကနေ့ နေ့လည်ပိုင်း သာယာဝတီမြို့ အရောက်မှာ မြို့နေလူထုက`ကိုမင်းကိုနိုင် အသက်ရာကျော် ရှည်ပါစေ’ လို့ အားရဝမ်းသာ အော်ဟစ်ကြိုဆိုခဲ့ကြပြီး ဒါဟာ ကြည်နူးစရာ မြင်ကွင်းတစ်ခု ဖြစ်ကြောင်း ကိုမင်းကိုနိုင်ကို သွားရောက်ကြိုဆိုသူ အမျိုးသမီးတဦးက RFA ကို ပြောပါတယ်။

ကိုမင်းကိုနိုင်ဟာ ဒီကနေ့ညမှာ ရန်ကုန်မြို့နေအိမ်ကို ပြန်ရောက်မယ်လို့ သိရပါတယ်။

မုံရွာထောင်က မနေ့က ပြန်လည် လွတ်မြောက်လာသူ ၂ဝဝ၇ မျိုးဆက် ဗကသ အဖွဲ့ဝင် ကိုဒီငြိမ်းလင်းက လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံ ထုတ်ပြန်ပေးဖို့ သမ္မတဦးသိန်းစိန်ကို တိုက်တွန်းလိုက်ပါတယ်။

အလားတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုအောင်သူကလည်း အစိုးရအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း အမှန်တကယ် သွားဖို့ ရည်ရွယ်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ ဝေါဟာရကို ပထမဦးဆုံး လက်ခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မနေ့က တောင်ကြီးထောင်ကနေ ပြန်လည် လွတ်မြောက်လာသူတွေထဲမှာ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုလည်း ပါဝင်ပါတယ်။

ကိုကျော်ကိုကိုနဲ့ ကိုဥာဏ်ဝင်းအောင် ဆက်သွယ် မေးမြန်ထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (4)
Share

အမည်မဖော်လိုသူ

ဒီမိုကရေစီရဲ့ အနှစ်သာရကိုသိရင် တောင်းဆိုနေရုံနဲ့မပြီးဘဲ တကယ်ကျင့်သုံးနိုင်ဖို့အရေးကြီးပါတယ်။
မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့လူ့အခွင့်အရေး အတွက်ဝန်ကြီးချုပ်တစ်ယောက်အဖြစ် မင်းကိုနိုင်ကို မျှော်လင့် မိပါသည်။

Jan 19, 2012 05:09 AM

အမည်မဖော်လိုသူ

BRAVO, BRAVO OUR TRUE HERO, KO MIN KO NAING!!! I do respect all you concepts and speeches!!

Jan 15, 2012 05:49 AM

အမည်မဖော်လိုသူ

အော် .......... ၀န်ကြီးချုပ်တစ်ယောက် လမ်းလျှောက်နေသလိုမျိုးကို ပြည်သူလူထုက တစ်ခဲနက်ကို ကြိုဆိုနေတာပဲနော် ........ ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ အရှင် ဂမ္ဘီရတို့ လွတ်လာတာကို လုံးဝကို ၀မ်းသာတယ်ဗျာ .........

Jan 15, 2012 02:54 AM

အမည်မဖော်လိုသူ

မင်းကိုနိုင်ကိုနိုင်ငံရေးအကျဉ်းသားအားလုံးထက်ပိုလေးစားတယ်.ဇာဂနာထက်တောင်ပိုလေးစားမိတယ်.ဘာဆိုဘာမှကိုယ်ကျိုးမယူတတ်တဲ့သူပါ။အားလုံးကိုတည်ငြိမ်အေးချမ်းစွာရင်ဆိုင်တယ်.မျက်နှာမပျက်ဘူး.ပိုပြီးဘဝပေးဆပ်ရမှူများတယ်.အမြဲကိုမင်းကိုနိုင်ကိုအားပေးရပ်တည်နေမှာပါဗျာ.အားလုံးနိုင်ငံရေးလုပ်သူတိုင်းလေးစားပါတယ်.ဒါပေမဲ့ကိုမင်းကိုနိုင်မှာပိုလေးစားတယ်.

Jan 14, 2012 04:34 PM

ဆိုက်တခုလုံးသို့