အီးယူ စစ်ဘက်ဆိုင်ရာ အစည်းအဝေးတက်ဖို့ ကာချုပ် ဘယ်ဂျီယံရောက်နေ


2016.11.07
minaunghlaing-belgium-620.jpg အီးယူ စစ်ဘက်ဆိုင်ရာ အစည်းအဝေးတက်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုဝင်ဘာလ ၆ ရက်နေ့ က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က လေဆိပ်ကိုရောက်ရှိစဉ်
Photo:Senior General Min Aung Hlaing/ Facebook

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဥရောပသမဂ္ဂ ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ စစ်ဘက်ဆိုင်ရာ ကော်မတီအစည်းအဝေးကို တက်ရောက်ဖို့ နိုဝင်ဘာလ ၆ ရက်နေ့မှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ Gen. Mikhail Kostarakos ရဲ့ ဖိတ်ကြားမှုနဲ့ ပြီးခဲ့တဲ နိုဝင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့က ထွက်ခွာသွားတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ(ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က တပ်မတော် အရာရှိကြီးတွေ လိုက်ပါသွားတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီ ခရီးစဉ်အတွင်း ဥရောပသမဂ္ဂ ကာကွယ်ရေးဦးစီးချုပ်များရဲ့ စစ်ဘက်ဆိုင်ရာကော်မတီ အစည်းအဝေး တက်ရောက်မှာဖြစ်ပြီး ဥရောပသမဂ္ဂဆိုင်ရာ အကြီးအကဲတွေ၊ ဥရောပနိုင်ငံတွေက ကာကွယ်ရေးဦးစီးချုပ်တွေ နဲ့ တွေ့ဆုံဆွေးနွေးမူတွေ ဆောင်ရွက်မှာဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ အခုခရီးစဉ် မတိုင်ခင်ကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားရောက်ခဲ့ပြီး လုံခြုံရေးဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။