မင်းတပ်မှာ လူငယ်သုံးဦး စစ်ကောင်စီတပ်ထဲ ဖမ်းဆီးစစ်ဆေးခံနေရ

RFA Burmese
2024.03.22
မင်းတပ်မှာ လူငယ်သုံးဦး စစ်ကောင်စီတပ်ထဲ ဖမ်းဆီးစစ်ဆေးခံနေရ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မင်းတပ်မြို့တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မတ်လ ၂၁ ရက် မနေ့က ဒေသခံ လူငယ်သုံးဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားပြီး မင်းတပ်အခြေစိုက် ခလရ (၂၇၄) တပ်ရင်းထဲမှာ စစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီလူငယ်တွေဟာ မင်းတပ်မြို့နယ်၊ ချိုင်ရွာကဖြစ်ပြီး မင်းတပ်မြို့ပေါ်ကို ဈေး၀ယ်ဖို့လာချိန် မြို့အ၀င်နားမှာ ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီရဲ့ ကင်းလှည့်ချိန်နဲ့ လူငယ်သုံးဦး တိုးသွားတယ်။ အဲမှာ ဖုန်းတွေကိုစစ်ပြီး ဖမ်းခေါ်သွားဝာာ။ အခုအချိန်အထိ ပြန်မလွှတ်သေးဘူး"

ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတွေဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ချိုင်ကျေးရွာဟာ မင်းတပ်မြို့နဲ့ ၂၅ မိုင်ခန့်ကွာဝေးပြီး အဲဒီက‌ ဒေသခံတွေဟာ စားသောက်ကုန်နဲ့ လူသုံးကုန် ပစ္စည်းတွေကို မင်းတပ်မြို့ပေါ်ကို လာရောက်၀ယ်ကြရဝာာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။