မင်္ဂလာတောင်ညွန့်မှာ အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်ပွါး

2017-05-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြိုနယ် ၁၂၂ နဲ့ ၁၂၃ လမ်းကြား၊ မြရာကုန်းလမ်းမှာ မေလ ၉ ရက်နေ့ညက လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြိုနယ် ၁၂၂ နဲ့ ၁၂၃ လမ်းကြား၊ မြရာကုန်းလမ်းမှာ မေလ ၉ ရက်နေ့ညက လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြိုနယ် ၁၂၂ နဲ့ ၁၂၃ လမ်းကြား မြရာကုန်းလမ်း  တိုက်နံပါတ်  ၁ဝ၅ အပေါ်ထပ် ၈လွှာက မွတ်စလင် မိသားစုတစု နေထိုင်တဲ့ အိမ်ခန်းကို မြို့နယ်ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတွေနဲ့ အတူ မဘသ အမည်ခံလူတစု မနေ့ညက ဝင်ရောက်စစ်ဆေးမှုကြောင့် အနည်းငယ် မငြိမ်မ သက် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဝင်ရောက်ရှာဖွေစစ်ဆေးခံရသူ အိမ်ရှင်ဒေါ်ဝင်း က မနေ့ည ၁ဝ နာရီခွဲခန့်မှာ မြို့နယ်ရဲတပ်ဖွဲ့က အရာရှိတွေ ပါဝင်တဲ့ လူအင်အား၂ဝ ခန့်က သူတို့အိမ်ခန်းကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း ပြောပါတယ်။

"အိမ်ထဲဝင်လာပြီးတော့ အဲဒီ မဘသ အုပ်စုတွေက ကျမသမီးကိုပါ အိမ်ခန်းထဲက ထွက်ထွက် ဆိုပြီးတော့ ဆွဲထုတ်တယ်။ သန်းခေါင်စာရင်းမေးတယ်၊ မှတ်ပုံတင်မေးတယ်။ ပြီးတော့ သူတို့က ကျမတို့ကို စခန်းခေါ်ပါ လို့ပြောတယ်။ မြို့နယ်မှူးက စခန်းခေါ်ဖို့မလိုဘူး။ သူတို့ကို ကျနော်တို့ အချိန်မရွေးခေါ်ပြီး စစ်လို့ရတယ်။ လာပြန်ကြမယ်တဲ့။ အဲဒါ မဘသ အုပ်စုတွေက ပွစိပွစိနဲ့ ဓါတ်ပုံတွေရိုက်ပြီးဆင်းသွားကြ တယ်။"

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စီးပွားရေးကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားခဲ့သူတွေ ဒီကိစ္စနောက်ကွယ်မှာ ပါဝင်နေကြောင်း နဲ့  အာဏာပိုင်တွေနဲ့အတူ မနေ့ညက လာရောက်သူတွေကို မဘသ အဖွဲ့ဝင်တွေအဖြစ် သိရှိကြောင်း ဒေါ်ဝင်း က ပြောပေမယ့် မဘသ အဖွဲ့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတရာ တရားဝင် ထုတ်ပြန်ပြောဆိုခြင်း မရှိသေး ပါဘူး။

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုရာဇာ ကတော့ လက်ရှိအစိုးရသစ်ရဲ့ တိုင်းပြည်ထူထောင်ရေးလုပ်ငန်းကို ဘာသာရေး လူမျိုးရေးအကြောင်းပြပြီး ဖျက်ဆီးဖို့ ကြိုးစားနေသူတွေ တနေ့ တခြား များလာနေတယ်လို့ ပြောပါတယ်။

"ဒီတိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်နေတဲ့သူတွေကြားထဲမှာကို ဒီအရေခြုံပေါ့၊ အရေခြုံဆိုတာ င်္သန်းဝတ်ထားတဲ့ ပုဂိုလ်တွေပါ ပါလာတယ်၊ ကျနော်တို့က ဒီသံဃာသန့်စင်ရေးကို တပါတည်း လုပ်ရမလို ဖြစ်နေပြီ၊ အဲတော့ ကျနော်တို့က လူမျိုးရေး ဘာသာရေးတွေ ထိတ်လန့်မှုမဖြစ်အောင် ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်တွေ ရှိလာပြီ"

ရပ်ကွက်အခြေအနေ အခု တည်တည်ငြိမ်ငြိမ်ဖြစ်နေကြောင်းနဲ့ မနေ့ညက အိမ်ထဲဝင်လာပြီး ဆူပူသူတွေထဲမှာ သူတို့ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးတစ်ယောက်မှ  ပါဝင်ခြင်း မရှိဘူးလို့လည်း ဒေါ်ဝင်းက ပြောပါတယ်။ အဲဒီလို ဝင်ရောက်စစ်ဆေးခဲ့သူတွေ တိုက်ပေါ်က ပြန်အဆင်းမှာ ရပ်ကွက်နေထိုင်သူတချို့နဲ့ အခြေအတင် ပြောဆို ရာ ကနေ လူငယ်တစ်ဦး ရိုက်နှက်ခံရလို့ ဆေးရုံပို့လိုက်ရတယ်လို့လည်း သတင်းထွက်ပါတယ်။ အခုဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို မသိရသေးပါဘူး။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

Why are those groups so active and aggressive ? Are those groups legal/ official or illegal/ unofficial?

May 10, 2017 10:24 PM

အမည်မဖော်လိုသူ

" မျိုးချစ် " နဲ့ (မဘသ) တွေ လွန်လာပြီ။ စည်းကျော်နေ
ပြီ။
ဆူပူမှုဖြစ်အောင် ဆွနေတာ သတိထားကြပါ။

May 10, 2017 03:11 PM

ဆိုက်တခုလုံးသို့