နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ် ဖြစ်စဉ်စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံ
ဒီတွေ့ဆုံပွဲမှာ နယ်စပ်ရေးရာ ဝန်ကြီးက ရခိုင်ပြည်နယ် ဖြစ်စဉ်နဲ့ ပက်သက်တဲ့ ရုပ်ပုံမှတ်တမ်းတွေ၊ ဗီဒီယိုဖိုင်တွေကို ရှင်းလင်းပြသခဲ့ပြီး ဒီစုံစမ်းရေး ကိစ္စရပ်မှာ လိုအပ်တဲ့ အကူအညီ မှန်သမျှကို ထောက်ပံ့မယ်လို့ ကတိပေးခဲ့ကြောင်း ဒီအစည်းအဝေး တက်ရောက်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီဝင် NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက RFA ကိုပြောပါတယ်။
"နယ်စပ်ဒေသဝန်ကြီးကနေ သူ ဒီရခိုင်ဒေသနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ လုပ်ခဲ့တာတွေကို ရှင်းပြခဲ့တာဗျ။ ၂၅ ရက်နေ့မှာ ကော်မရှင် အစည်းအဝေး လုပ်မယ်ဗျ။ အဲဒါ ပြီးလို့ရှိရင်တော့ ကျွန်တော်တို့ လုပ်ငန်းတွေ ပီပီပြင်ပြင် ဖြစ်မယ်ဗျာ။ တာဝန် ခွဲတာတွေရော၊ ဘာတွေရော ကျွန်တော်တို့ လုပ်ကြပြီ။ အခုကတော့ ဒီသမ္မတ ကိုယ်စား လာပြီးတော့ နယ်စပ်ရေးရာ ဝန်ကြီးက သူကူညီနိုင်တဲ့ အကြောင်းတွေ၊ ရခိုင်မှာသူတို့ ဘာတွေ လုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေ အဲတာတွေ သူရှင်းလင်း ပြောကြားသွားတာပဲဗျ"
ဒီဆွေးနွေးပွဲမှာ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက အဓိက ရှင်းလင်းပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီဝင်တွေဘက်က ဆွေးနွေး ပြောကြားခွင့် မရရှိခဲ့ကြဘူးလို့လည်း သိရပါတယ်။
ဒါ့ပြင် ဒီဆွေးနွေးပွဲကို ပြည်တွင်း ပြည်ပ သတင်း မီဒီယာတွေ တက်ရောက် သတင်းယူဖို့ နယ်စပ်ရေးရာ ဝန်ကြီးဌာနဘက်က တစ်ရက်ကြိုတင် ဖိတ်ကြားခဲ့ပေမယ့် ဒီကနေ့ ဆွေးနွေးပွဲကို သတင်းထောက်တွေကို ဝင်ခွင့်မပြုဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ အမိန့်နဲ့ တားမြစ်ခဲ့တာကြောင့် အစိုးရ သတင်းဌာနတွေကလွဲလို့ ပုဂ္ဂလိက သတင်းထောက်တွေ သတင်းယူခွင့် မရခဲ့ဘူးလို့ သိရပါတယ်။
မကြာမီ ရက်ပိုင်းမှာ ကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးမြင့်က ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေကို ယခင်က သွားရောက် လေ့လာခဲ့တဲ့ အဖွဲ့ဝင် ငါးဦးကို ဦးဆောင်ပြီး စစ်တွေကို သွားရောက်ဖို့ ရှိပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီဝင် တစ်ဦးအဖြစ် ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားတာကို နားဆင်ပါ။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |