မွန်ပြည်နယ်စည်ပင်နဲ့ ဆောက် လုပ်ရေးဝန်ကြီးအမည်စာရင်း တင်သွင်း
2017.06.07
မွန်ပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးအဖြစ် ဦးမင်းကျော်လွင်ကို ခန့်အပ်ဖို့ ဝန်ကြီးချုပ်ဒေါက်တာအေးဇံ က ဒီနေ့ မွန်ပြည်နယ်လွှတ်တော်မှာ အမည်စာရင်း တင်သွင်းလိုက်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အမည်စာရင်းတင်သွင်းတာကို မနက်ဖြန်မှာ ဆွေးနွေးအတည်ပြုမှာဖြစ် တယ်လို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။
ဝန်ကြီးအဖြစ် အဆိုပြုခံရတဲ့ ဦးမင်းကျော်လွင်ဟာ ၁၉၈၄ ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ်ကနေ မြို့ပြအင်ဂျင် နီယာဘွဲ့ရရှိခဲ့သူဖြစ်ပြီး အန်အယ်လ်ဒီပါတီဝင် တစ်ဦးဖြစ်ပါတယ်။
နှုတ်ထွက်သွားတဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးက စည်ပင်သာယာရေးဝန်ကြီးနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန နှစ်ခုကိုပါ ပူးတွဲတာဝန်ယူခဲ့တာဖြစ်ပြီး သူနှုတ်ထွက်ပြီးနောက်ပိုင်း အဲဒီဌာန နှစ်ခုမှာ ဝန်ကြီးနေရာ လစ်လပ်ခဲ့တာဖြစ်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာအေးဇံ တာဝန်ယူပြီးနောက် အဲဒီဝန်ကြီးဌာန ၂ခုကို အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဖြစ်တဲ့ ဦးမင်းထင်အောင်ဟန်နဲ့ ဦးဝဏ္ဏကျော် တို့ကို ယာယီတာဝန် ပေးခဲ့တာဖြစ်ပါတယ်။
ဒီနေ့ ပြည်နယ်လွှတ်တော်အစည်းအဝေးကို ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးလည်း ဝန်ကြီးချုပ်အဖြစ်က အနားယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လွှတ်တော် တက်ရောက်ခဲ့ပါတယ်။