ပျောက်ဆုံး အမေရိကန် စစ်သားရုပ်ကလာပ် ရှာဖွေရေး ဆွေးနွေး
2012.02.24
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် (အလယ်) ၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် အဖြစ် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က နေပြည်တော်ကို ဆိုက်ရောက်လာခဲ့ရာ ကြိုဆိုသူ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမျိုးမြင့် (ဝဲ) နှင့် အတူ နေပြည်တော် လေဆိပ်တွင် တွေ့ရစဉ်။
AFP
အဲဒီလုပ်ငန်းတွေကို လွန်ခဲ့တဲ့ ၈ နှစ်လောက်က ရပ်ဆိုင်းထားရာကနေ အခု အမေရိကန်နဲ့ မြန်မာနိုင်ငံတို့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာတဲ့အတွက် ပြန်လည်စတင်ဖို့
ဒီတစ်ပတ်အတွင်းမှာ ဆွေးနွေးပွဲ လုပ်ခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယ ကာကွယ်ရေးဝန်ကြီးရဲ့ လက်ထောက် (Bob Newberry) က ဦးဆောင်ခဲ့တယ်လို့ ပြောခွင့်ရအမျိုးသမီး
(Leslie Hull-Ryde) က ပြောပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒုတိယ ကမ္ဘာစစ်တုန်းက အိန္ဒိယနိုင်ငံကနေ တရုတ်နိုင်ငံကို ရိက္ခာ ထောက်ပံ့ပေးပို့တဲ့ အမေရိကန် တပ်ဖွဲ့ဝင် စုစုပေါင်း ၇၃၀ လောက်ဟာ မြန်မာနိုင်ငံမြောက်ပိုင်း
တောင်ထူထပ်တဲ့ ဒေသတွေမှာ ပျောက်ဆုံး သေဆုံးခဲ့တာဖြစ်ပါတယ်။ အမေရိကန် လေတပ်သား အများစု ပါဝင်တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ဒီဇင်ဘာလက မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် (Hillary Clinton) အလည်အပတ် ရောက်စဉ်က ဒီကိစ္စကို ပြောဆို
ဆွေးနွေးခဲ့တာလို့လည်း သိရပါတယ်။









