ရခိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့ မစ်ချ် မက်ကောနဲလ် ပြောကြား


2018.07.27
mitch-mcconnell-622.jpg အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell ကို တွေ့ရစဉ်
Photo: CHIP SOMODEVILLA / GETTY IMAGES NORTH AMERICA / AFP

အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell မစ်ချ် မက်ကောနဲလ် က ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ တလွှားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ရပ်စဲရန်လိုအပ်တယ်လို့ မိမိ အခိုင်အမာ ယုံကြည်ကြောင်းနဲ့ မြန်မာနိုင်ငံ မှာ ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုတဲ့ အစိုးရတရပ် ထွန်းကားရေးအတွက် အကောင်းဆုံး မျှော်လင့် ချက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထောက်ခံဖို့လိုကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၂ ခုလုံးမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထံကို လူသားချင်းစာနာမှုအကူအညီတွေ အလျှင်အမြန်ရောက်ရှိဖို့ အလွန်အရေးကြီးကြောင်း၊ စိန်ခေါ်မှုတွေ ရှိလင့်ကစား သူမရဲ့ဘဝတလျှောက် လုံး မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေးအတွက် မြှုပ်နှံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မိမိတို့ ဆက်လက် အားပေးရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေ အထူးစိုးရိမ်ဖွယ်ဖြစ်နေချိန်မှာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမအနေနဲ့ စစ်တပ်အပေါ် သြဇာလွမ်းမိုးနိုင်စွမ်း မရှိတာကို အများအပြားက ပုံကြီးချဲ့ပြစ် တင်ပြောဆိုနေကြကြောင်း၊ သူမအနေနဲ့ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းတွေ ကို မြှင့်တင်ဖို့ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ လတ်တလောကာလအတွင်း မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အကြား ရိုဟင်ဂျာတွေ ပြန်လည်နေထိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ ရေထိုးနိုင်ခဲ့တာကို မိမိ အားရ မိကြောင်းလည်း မစ်ချ် မက်ကောနဲလ် က ပြောပါတယ်။

ဒါ့အပြင် အထက်လွှတ်တော်အမတ် Mitch McConnell မစ်ချ် မက်ကောနဲလ် က သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကင်တပ် ကီပြည်နယ်သားတွေထံ ထုတ်ပြန်အသိပေးတဲ့ ကြေညာချက်တစ်စောင်ကိုလည်း RFA က မနေ့က ရရှိခဲ့ရာမှာ မိမိထံကို မြန်မာပြည်အရေးအတွက် ဆက်သွယ်ပြောဆိုကြလို့ ကျေးဇူးတင်ကြောင်း မိမိအနေနဲ့ မြန်မာပြည် မှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းချင်းရာတွေကို ၂၅ နှစ်ကြာ အနီးကပ်လေ့လာစောင့်ကြည့်ခဲ့ကြောင်း၊ ရက်စက်တဲ့ စစ်တပ် အုပ်ချုပ်မှု အဆုံးသတ်ပြီး ဒီမိုကရေစီပြုပြင်ရေးတွေ ဆောင်ရွက်ရေးအတွက် အထက် လွှွတ်တော်က ပိတ်ဆို့အရေးယူအောင် မိမိဦးဆောင်ကြိုးပမ်းခဲ့ကြောင်း၊ ၂ဝ၁၅ ရွေးကောက်ပွဲဟာ တိုးတက်မှုတွေထဲက တစ်ခုဖြစ်ကြောင်း ဒါပေမဲ့ ချို့ယွင်းချက်တွေ အမြောက်အများပါဝင်နေတဲ့ မြန်မာပြည်ရဲ့ လက်ရှိဖွဲ့စည်းပုံ ဥပဒေကြောင့် စစ်တပ်ဟာ အခွင့်အရေး မတန်တဆရရှိနေပြီး ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်ခံရတဲ့ အစိုးရအနေနဲ့ တပ်မတော်နဲ့ တပ်မတော်ရဲ့ ဆောင်ရွက်လှုပ်ရှားမှုတွေကို ထိန်းသိမ်းချုပ်ကိုင်နိုင်ခြင်း မရှိကြောင်း၊ အဲဒီလို စစ်တပ်အပေါ် ချုပ်ကိုင်နိုင်ခြင်း မရှိတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ ပြဿနာတွေ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး အစိုးရအပေါ် စိုးရိမ်ပူပန်မှုတွေ အများအပြား ဖြစ်ပေါ်စေခဲ့ကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။

ဒါ့အပြင် အထက်လွှွတ်တော်အမတ် မစ်ချ် မက်ကောနဲလ်က လက်ရှိ ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အောင်ဆန်းစုကြည်ကို သူဆက်သွယ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူညီတွေ မြန်မြန် ဆန်ဆန် ပေးပို့ခွင့်ရရှိရေးအတွက် ပြောဆိုခဲ့ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂွတ်တားရက်တို့နဲ့ သူ ဆက်သွယ်ပြီး ကုလသမဂ္ဂအနေနဲ့ လုပ်ဆောင်နိုင်မယ့် အကြောင်းအရာတွေကို ပြောကြားခဲ့ကြောင်း ဒ့ါအပြင် မိမိရဲ့ ထောက်ခံမှုနဲ့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က အတည်ပြုခဲ့တဲ့ မြန်မာပြည်ဆိုင်ရာဥပဒေမှာလည်း မြန် မာပြည်မှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ဆေးအရေးဖို့နဲ့ သတင်းထောက်တွေ အကာ အကွယ်ရရှိမှု အပါအဝင် တရားဥပဒေ စိုးမိုးမှုရှိမှ အကူအညီတွေပေးရေး အချက်တွေပါဝင်ကြောင်း ဖော်ပြထား ပါတယ်။ ဒါ့အပြင် အထက်လွတ်တော်အမတ် မစ်ချ် မက်ကောနဲလ်က မြန်မာပြည်ရဲ့ ဖြစ်ပေါ်တိုးတက် မှုတွေကို အနီးကပ် ဆက်လက်စောင့်ကြည့်ဖို့ သူကတိပြုပါကြောင်းဖြင့်လည်း သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကင်တပ်ကီပြည်နယ် လူထုကို အသိပေးတဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။