အိန္ဒိယမှာ ထိန်းသိမ်းထားတဲ့ မြန်မာ ရေလုပ်သား ၁၁ ဦးကို ပြန်ပို့

အိန္ဒိယနိုင်ငံမှာ ရေပိုင်နက် ကျူးကျော်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာရေလုပ်သား ၁၁ ဦးကို အိန္ဒိယအစိုးရ က မြန်မာနိုင်ငံ ပြန်ပို့လိုက်တဲ့အတွက် ရန်ကုန်လေဆိပ်ကို တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့ကြပါတယ်။

ယာယီထိန်းသိမ်းရေးစခန်းများမှာ ရောက်နေတဲ့ မြန်မာရေလုပ်သား ၁၁ ဦး မြန်မာနိုင်ငံက စေတနာရှင်များရဲ့ လေယာဉ်စရိတ်ကျခံပေးမှုနဲ့ ပြန်လည်ရောက်ရှိလာစဉ်

အိန္ဒိယနိုင်ငံမှာ ရေပိုင်နက် ကျူးကျော်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာရေလုပ်သား ၁၁ ဦးကို အိန္ဒိယအစိုးရက မြန်မာနိုင်ငံ ပြန်ပို့လိုက်တဲ့အတွက် ရန်ကုန်လေဆိပ်ကို တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့ကြပါတယ်။

နှစ်နိုင်ငံ သံရုံးချင်း ညှိနှိုင်းခဲ့ကြပြီးတဲ့နောက် မြန်မာရေလုပ်သားတွေ ပြန်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို ညှိနှိုင်းမှုတွေအရ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ပြန်ရောက်လာခဲ့ကြတဲ့ မြန်မာရေလုပ်သား လေးရာကျော် ရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က ၂၇၂ ယောက်၊ ၂၀၁၇ မှာ ၁၃၃ ယောက်၊ အခု ၂၀၁၈ စက်တင်ဘာလအထိ ၄၄ ယောက်လို့ သိရပါတယ်။