မိုးညှင်းမြို့ ပျံကျဈေးသည်တွေ ပြောင်းရွှေ့ဖို့ ငြင်းဆန်

ကချင်ပြည်နယ် မိုးညှင်းမြို့ နမီးစုရပ်ကွက်မှာရှိတဲ့ ညောင်ပင်ပျံကျ အခွန်လွတ်ဈေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ က နိုဝင်ဘာ ၂၀ရက်နေ့ အပြီးပြောင်းရွှေ့ဖို့ ကြေညာစာ ထုတ်ပြန်ထားတဲ့အပေါ် မကျေနပ်တဲ့အတွက် ဈေးသည် ၃၀၀ လောက် နိုဝင်ဘာလ ၁၈ ရက်နေ့မနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
2012-11-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အဲဒီညောင်ပင် အခွန်လွတ်ဈေး ပြောင်းရွှေ့ခံရရင် ဈေးသည် မိသားစုတွေ ရဲ့စီးပွားရေး၊ပညာရေးအပါအဝင် အခြားလူမှုဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ဈေးသည်တစ်ဦးက RFA ကို ပြောပါတယ်။

ဆန္ဒဖော်ထုတ်နေချိန်မှာမိုးညှင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးနိုင်က  ဈေးသည်တွေနဲ့လာရောက်တွေ့ဆုံပြီး လာမဲ့နိုဝင်ဘာ၃၀ရက်နေ့မှာ ဈေးသည်တွေရဲ့လိုလားချက်တွေကို အဆင်ပြေအောင် ပြန်လည်ညှိနှိုင်းပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ညောင်ပင်ဈေးကို ၂၀၀၃ ခုနှစ်ကတည်းက မိုးညှင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က တရားဝင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ အဲဒ့ီအချိန်တုန်းက တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်က အခွန်လွတ်ဈေးအဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့