မွန်ပြည်နယ် အကျဉ်းသားတွေမှာ မူးယစ်မှုများ


2017.06.15
winnaingoo-mon-620.jpg မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးကို ဇွန်လ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်တွေထဲမှာရှိတဲ့ အကျဉ်းသား သုံးပုံတစ်ပုံဟာ မူးယစ်ဆေးဝါးအမှုနဲ့ ပြစ်ဒဏ် ကျခံနေရသူဖြစ်နေတယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောပါတယ်။

ဒီနေ့ မွန်ပြည်နယ်လွှတ်တော်မှာ လူငယ်တွေကြား မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်နေတာတွေကို ပြည်နယ်အစိုးရ က အလေးထားဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားရာမှာ ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

"အမှုအမျိုးမျိုးနဲ့ ထောင်ကျနေတဲ့ ၄၃၄၆ ယောက်ထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့မှ ပြစ်ဒဏ်ခံနေရတဲ့ အကျဉ်းသား ၁၅၁၃ ယောက်ရှိပါတယ်"

မွန်ပြည်နယ်မှာ အကျဉ်းသား ၄၃ဝဝ ကျော်မှာ မူးယစ်ဆေးဝါးနဲ့ အကျဉ်းကျခံရသူ  ၁၅ဝဝ ကျော် ရှိတယ်နေလို့ လည်း လုံခြုံရေးနဲ့နယ်စပ်ရေရေးရာဝန်ကြီးက ပြောပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကလည်း မော်လမြိုင်အကျဉ်းထောင်မှာ အကျဉ်းကျခံရသူ ၁၁ဝဝ ကျော် မှာ ၆ဝဝ ကျော်ဟာ မူးယစ်ဆေးဝါးကြောင့် အကျဉ်းကျခံရပြီး ၅ဝ ရာခိုင်နှုန်းကျော် ရှိတယ်လို့လည်း ပြောပါတယ်။

မွန်ပြည်နယ်မှာ ၂ဝ၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှု ၂၈၃ မှုနဲ့ တရားခံ ၄၂၅ ဦးကို ဖမ်းဆီးအရေးယူထားသလို ၂ဝ၁၇ခုနှစ် ပထမ ၅ လအတွင်း မူးယစ်ဆေးအမှု ၁ဝ၅ မှုနဲ့ ဆေးပြား ၈၂ဝဝဝ ကျော် ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။