ရွှေဝါရောင်တော်လှန်ရေး အကြမ်းဖက်မှုအတွက် တောင်းပန် ဖို့ အစိုးရကို တိုက်တွန်း

2013-09-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်အောင်မြေမှာ စက်တင်ဘာလ ၂၆ ရက်နေ့က ရွှေဝါရောင်တော်လှန်ရေး အကြမ်းဖက်မှု ၆ နှစ်ပြည့် အခမ်းအနားကိုကျင်းပရာ ကြွရောက်လာကြတဲ့ သံဃာတော်များကို တွေ့ရစဉ်
ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်အောင်မြေမှာ စက်တင်ဘာလ ၂၆ ရက်နေ့က ရွှေဝါရောင်တော်လှန်ရေး အကြမ်းဖက်မှု ၆ နှစ်ပြည့် အခမ်းအနားကိုကျင်းပရာ ကြွရောက်လာကြတဲ့ သံဃာတော်များကို တွေ့ရစဉ်
Photo: RFA

သမိုင်းဆိုတာဖျောက်ဖျက်လို့ မရတာကြောင့် ရွှေါရောင်တော်လှန်ရေးမှာ အဓမ္မအကြမ်းဖက် နှိပ်ကွပ်ခဲ့တာတွေအတွက် အစိုးရက သံဃာတော်တွေကို တောင်းပန်ပြီး တိုင်းပြည် တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်သွားသင့်တယ် လို့ ဒီနေ့ကျရောက်တဲ့ ၂ဝဝ၇ ခုနှစ် ရွှေါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ဆုတောင်းပွဲ မှာ ရွှေတွံတေး ဆရာတော်က မိန့်ကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အောင်မြေမှာ သံဃာတော်တချို့နဲ့ ဒကာ၊ ဒကာမတွေ ဒီကနေ့ စုပေါင်းကျင်းပတဲ့အခမ်းအနားမှာ ရွှေတွံတေး ဆရာတော်က မိန့်ကြားခဲ့တာပါ။

သမိုင်းဆိုတာ ဖျက်လို့မရဘူး၊ သို့သော်လည်း ကောင်းအောင်တော့ ပြုပြင်ပြောင်းလဲပြီးတော့ ရိုးရိုးရှင်းရှင်းနဲ့ ကိုယ့်ရဲ့စိတ်ကို ဆေးကြောလို့ရတယ်၊ အဲတုန်းက လောဘ၊ ဒေါသ၊ မောဟကြောင့်၊ အာဏာကြောင့်၊ ငွေကြောင့်အမျိုးမျိုးပေါ့၊ မကောင်းတာတွေလုပ်ခဲ့ရင်လည်း အဲဒီစိတ်ကလေး ဖယ်လိုက်တာနဲ့ ငြိမ်းချမ်းသွားတယ်၊ အဓိကစိတ်ပဲ၊ အဲဒီစိတ်က အမြဲငြိမ်တာမဟုတ်ဘူးလေ၊ တပည့်တော်တို့ အဲတုန်းကမှားပါတယ်၊ အဲဒီဝန်ချတာ ဘာဝန်လေးလို့လဲ၊ ရိုးရိုးရှင်းရှင်းလေး ဆရာဒကာ ငြိမ်းငြိမ်းချမ်းချမ်းလေး တိုင်းပြည်တိုးတက်ပြောင်းလဲအောင် ဆောင်ရွက်ကြရအောင် လို့ မေတ္တာရပ်ခံချင်တယ်”

ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း သံဃာတော်တွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အတွက် အစိုးရကတောင်းပန်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့၊ တိုင်းပြည်ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးမှုနဲ့ ဖြေရှင်းဖို့၊ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ မဖြစ်အောင် ဘာသာရေးခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့စတဲ့ အချက် ၄ ချက်ပါ သဘောထား ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ရွှေါရောင်တော်လှန်ရေးနေ့ အခမ်းအနားကို မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာလည်း ဒီနေ့ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို သံဃာတော်အပါး ၅ဝဝ ကျော်တက်ရောက်ခဲ့ပြီး ရွှေါရောင် တော်လှန်ရေးအတွင်း အသက်ပေးလှူသွားတဲ့ ရဟန်းသံဃာတွေ၊ လူပုဂ္ဂိုလ်တွေအတွက် ရေစက်ချအမျှဝေခဲ့ကြပါတယ်။

အလားတူ အိန္ဒိယရောက် မြန်မာသံဃာတော်တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကလည်း ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ပါလီမန်အဆောက်အအုံရှေ့က ဂျန်တားမန်တားပန်းခြံမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဝဝ၇ ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ သံဃာတော်တွေကို နှိပ်စက်ညှင်းပန်းခဲ့တာတွေကို မြန်မာအစိုးရအနေနဲ့ ဝန်ချတောင်းပန်ဖို့၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်မရှိတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြပွဲမှာတောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါင်တဲ့ အရှင်ပညာဇောတက မိန့်ကြားပါတယ်။

၂ဝဝ၇ တော်လှန်ရေးမှာ ရန်ကုန်မှာ ဒီနေ့ ၂၆ ရက်နေ့မှာပဲ ပစ်ခတ်ဖြိုခွင်းမှုပေါ့၊ အဲဒါကို လက်ရှိအစိုးရအနေနဲ့ တောင်းပန်ဖို့၊ လက်ရှိဖွဲ့စည်းပုံက အမျိုးသားတန်းတူရေးနဲ့ တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့်တွေ မပါတဲ့အခါကျတော့၊ ဒါကတော့ ရေးဆွဲခဲ့တာလည်း စစ်တပ်ကပဲရေးဆွဲခဲ့တဲ့အခါကျတော့ ဦးဇင်းတို့က ဒီဖွဲ့စည်းပုံဟာ စစ်ကျွန်ဖွဲ့စည်းပုံပဲဖြစ်တယ်ပေါ့ဗျာ၊ ဒါကြောင့်မို့ဖျက်ပြီးတော့ အသစ်ပြန်ရေးဆွဲပေးဖို့ဆိုပြီးတော့ ဦးဇင်းတို့ အချက် ၅ ချက်ပါ တိုက်တွန်းတောင်းဆိုတာလည်းဖြစ်ပါတယ်”

ဒါ့အပြင် လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေ ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ အကျဉ်းကျပြီး  ပြန်လည်လွတ်မြောက်လာခဲ့တဲ့ သံဃာတွေ သီလရှင်တွေကို နေရာထိုင်ခင်း အခက်အခဲဖြစ်အောင် ဖိအားပေးတာတွေ ရပ်တန့်ဖို့နဲ့ တိုင်းရင်းသားတွေနဲ့ဖြစ်နေတဲ့ ပဋိပက္ခတွေ လယ်သိမ်းယာသိမ်းကိစ္စတွေကို ဖြေရှင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို အိန္ဒိယနိုင်ငံရောက် မြန်မာသံဃာတော်တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူ စုစုပေါင်း ၅ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် အောင်မြေနဲ့ မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့တဲ့ ရွှေါရောင် တော်လှန်ရေး ၆ နှစ်မြောက် လှုပ်ရှားမှုတွေအကြောင်း RFA သတင်းထောက် မရတနာဦး သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

Government will never apology for their fault.Because they think themselves that what they have done was right. And they can do the same in future if needed.

Sep 27, 2013 09:38 PM

အမည်မဖော်လိုသူ

သံဃာတော်တွေကို သတ်တာ မဖြစ်သင့်ဘူး။ ဒါပေမယ့် sorry ပြောရုံနဲ့ ကြေတယ်ဆိုရင် “ကံ ၊ ကံရဲ့အကျိုးကို ယုံစရာ မလို”သလို ဖြစ်နေပါတယ်။

Sep 26, 2013 03:11 PM

ဆိုက်တခုလုံးသို့