ကိုရိုနာဗိုင်းရပ်စ်လူနာ ၁၂ ယောက် တစ်ရက်တည်းသေဆုံး


2020-09-14
Share
kalay-covid-622.jpg ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ကုသပေးနေတဲ့ ကလေးမြို့ ဆေးရုံတရုံက ကျန်းမာရေးဝန်ထမ်းများ။
Photo: RFA

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ  ဒီကနေ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ ၁၂ ဦးရှိတယ်လို့ သိရပါတယ်။

စစ်တွေပြည်သူ့ဆေးရုံမှာ ကုသနေတဲ့ အသက် (၇၅) နှစ်အရွယ် လူနာအမှတ် ၂၄၆၃၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံမှာ တက်ရောက်ကုသနေကြတဲ့ အသက် (၆၉) နှစ်အရွယ် လူနာအမှတ် ၂၃၂၄၊ အသက် (၆၆) နှစ် အရွယ် အမျိုးသား လူနာအမှတ် ၂၈၂၇ ၊ အသက် (၈၄) နှစ် အရွယ်  အမျိုးသမီး လူနာအမှတ် ၂၈၂၈၊ ဖောင်ကြီးကုသရေးဌာနမှ ကုသနေတဲ့ အသက် (၅၁) နှစ်အရွယ် လူနာအမှတ် ၁၉၉၇ နဲ့ အသက် (၇၆) နှစ်အရွယ် လူနာအမှတ် ၂၁၂၆၊ အသက် (၆၇) နှစ်အရွယ် အမျိုးသား လူနာအမှတ် ၂၃၀၈၊ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် (၇၀) အရွယ် လူနာအမှတ် ၂၅၀၄၊ ဝေဘာဂီဆေးရုံမှာ ကုသနေတဲ့ အသက် (၇၂) နှစ်အရွယ် လူနာအမှတ် ၁၉၈၇၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေး ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ အသက်  (၅၉) နှစ်အရွယ် အမျိုးသမီးလူနာအမှတ် ၂၈၄၈ ၊ အသက် (၈၀) နှစ်အရွယ် အမျိုးသား လူနာအမှတ်  ၂၈၄၇၊ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ တက်ရောက် ကုသမှုခံယူနေတဲ့ အသက် (၅၀) နှစ်အရွယ် အမျိုးသမီး လူနာအမှတ်  ၁၃၅၁ တို့ ဒီကနေ့ သေဆုံးသွားတာဖြစ်ပါတယ်။

သေဆုံးတဲ့သူတွေဟာ ဆီးချိုသွေးချို၊ နှလုံး ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ လူနာစုစုပေါင်း ၃၁၉၅ ဦး ရှိသွားပြီဖြစ်ပြီး သေဆုံးသူစုစုပေါင်း ၃၂ ယောက် ရှိပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့