MPC ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လွှတ်တော်မှာ ဆွေးနွေးမည်

2014-10-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေပုံ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေပုံ
Photo: Myo Thant Khaing/RFA

မြန်မာငြိမ်းချမ်းရေးစင်တာက ဆောင်ရွက်နေ တဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ "ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ လွှတ်တော်ရဲ့အခန်းကဏ္ဍ"ဆို တဲ့ ဆွေးနွေးပွဲနောက်ဆုံးနေ့မှာ မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ သဘောတူဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်အချိန်မှာ လွှတ်တော်ကို တင်သွင်းသွားမယ်ဆိုတာကို မြန်မာ ငြိမ်းချမ်းရေးစင်တာက အတိအကျပြောဆိုတာတော့ မရှိသေးဘူးလို့ဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ နောင်လာမယ့် အစိုးရတာဝန်ယူမယ့်အချိန်မှသာ စတင်နိုင်မှာဖြစ်ပြီး သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့ကိုသာ ဦးတည်လုပ်ဆောင်နေ တာ ဖြစ်တယ်လို့လဲသူက ပြောပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ဆက်သွယ်မေးမြန်ထား ပါတယ်။

ကွန်မင့်များ (2)
Share

(

၂၀၀၈ အခြေခံဥပဒေဆိုတာ ရှေ့ပိုင်း လေးငါးဆယ်ရွက် နောက်ပိုင်း လေးငါးဆယ်ရွက် လှန်ကြည့်လိုက်တာနဲ့ မြောင်ထဲ လွှင့်ပစ်လိုက်ရုံပဲ။
ကာချုပ်ရဲ့တပ်မတော်၏မူ(၆) ချက်ဆိုလိုတာက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ တပ်မတော် တမတ်သားပါလီမန်အောက်က ပေးတာယူ၊ ကျွေးတာစား လမ်းစဉ်ပဲ ဖြစ်တယ်။
စစ် တိုက် ပြီး ဖိအား ပေး မတရား အနိုင့်ကျင့် နေတယ် ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရနိုင်ပါ။

Oct 20, 2014 06:52 AM

Justice

နေရပ်- USA

ဘယ်လိုလဲဗျာ၊ RFA ကိုအားပေးပါတယ်။ ဒါပေမယ့် ဆားမပါတဲ့ မေးခွန်းတွေကိုဘာလို့မေးနေသလဲစဉ်းစားလို့မရဘူး။ ဦးလှဆွေကို သေချာမေးရမယ့် မေးခွန်းတွေအများကြီး။ သူ့ဆေးနဲ့သူပေးရမယ်တဲ့ - ဦးလှဆွေကပြောတယ်။ ဆရာဝန်တိုင်းက လူနာရောဂါတွေကို ကုနိုင်တာမဟုတ်ဘူး။ အခုဟာကလည်း ဆရာဝန်ယောင်ဆောင်ပြီး မိုးရေတွေနဲ့ ဆေးထိုးကုနေတာ။ ရောဂါပျောက်မယ်ထင်နေလား။ ဦးလှဆွေ ကိုယ်တိုင်ပြောနေတဲ့ စကားတွေကပင်လျင် တိုင်းရင်းသားတွေရဲ့အကြောင်း နားမလည်ဘဲ ပြောနေတာ။ စားဖို့သောက်ဖို့နေဖို့အဆင်ပြေယုံနဲ့ ငြိမ်းချမ်းရေးရမယ် ထင်နေတုံး။ အဲလောက်တော့ ဦးလှဆွေ နုံအတယ်လို့ မယူဆချင်ဘူး။ ရူးချင်ယောင်ဆောင်နေတယ်လို့ဘဲ ပြောချင်တယ်။

Oct 19, 2014 01:12 PM

ဆိုက်တခုလုံးသို့