ဟောပြောပွဲ ဦးဆောင်သူတွေကို နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲမယ်လို့ ဝန်ကြီးချုပ်ပြော


2018.01.22
nyipu-622.jpg ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒေသခံအရပ်ဘက်အဖွဲ့တွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံစဉ်
Photo: Htet Arker/ RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညကဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အခမ်းအနား ဦးဆောင်ကျင်းပသူတွေနဲ့ ပူးပေါင်းကူညီသူတွေကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ အရေးယူသွားမယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က ဒီနေ့ပြောလိုက်ပါတယ်။

ဒီနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒေသခံအရပ်ဘက်အဖွဲ့တွေ၊ မြို့မိမြို့ဖတွေနဲ့တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောခဲ့တာဖြစ်ပါတယ်။

မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက ဆန္ဒပြသူတွေကိုရဲက ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် လူ ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တာဖြစ် ပါတယ်။

အစိုးရက ဆန္ဒပြသူတွေကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖြိုခွင်းခဲ့တာလို့ ပြောဆိုခဲ့ကြပြီး အခမ်းအနား တက်ရောက်လာသူတွေကတော့ ပြင်ပပညာရှင်တွေပါဝင်တဲ့ လွတ်လပ်တဲ့စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ဖို့ တောင်းဆိုတင်ပြခဲ့ကြပါတယ်။

ဒီတင်ပြချက်အပေါ် အစိုးရက အလေးအနက်ထားပြီး လက်ခံဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောပါတယ်။

ရသေ့တောင်မြို့ပေါ်က ဟောပြောပွဲနဲ့ ပတ်သက်ပြီး ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင် ကိုလည်း ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ် ဦးညီပု ကပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။