ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပ

ဗုဒ္ဒ၊ ဟိန္ဒူ၊ အစ္စလာမ်နဲ့ ခရစ်ယာန်ဘာသာတွေ အပါအဝင် ကမ္ဘာ့ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ခုကို ရန်ကုန်မြို့ ကန်တော်ကြီးစောင်းမှာရှိတဲ့ ချတ်ထရီယမ် ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

2012.09.13
multi-religious-meeting-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က ရန်ကုန်မြို့ ချတ်ထရီယမ်ဟိုတယ်တွင် ကမ္ဘာ့ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနား ကျင်းပနေစဉ်။
RFA

အခမ်းနားကို ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံတကာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး သူရ ဦးမြင့်မောင်နဲ့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာ သံရုံးတွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်နဲ့ အစ္စလာမ်နိုင်ငံများ အဖွဲ့ချုပ် (OIC) တို့မှ လည်း ဆုတောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဆုတောင်းပွဲ အခမ်းနားကို မနက် ၉ နာရီခွဲကနေ နေ့လည် ၁ နာရီအထိ ကျင်းပခဲ့တယ်လို့ သိရပြီး ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတဲ့ မြန်မာနိုင်ငံမှာ အယူဝါဒ ကွဲပြားခြားနားတဲ့ ဘာသာဝင်တွေ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်နိုင်ဖို့ အဓိကရည်ရွယ် ကျင်းပရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။