မူဆယ်မြို့ တိုက်ခိုက်ခံရမှုမှာ သေဆုံးသူတွေအတွက် လွှတ်တော်မှာ ဝမ်းနည်းကြောင်းအဆို မှတ်တမ်းတင်

2018-05-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်သူ့လွှတ်တော်မှာ ဝမ်းနည်းကြောင်း အဆိုတင်ခဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး ကို ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့ကတွေ့ရစဉ်
ပြည်သူ့လွှတ်တော်မှာ ဝမ်းနည်းကြောင်း အဆိုတင်ခဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး ကို ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့ကတွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

မေလ ၁၂ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ တိုက်ခိုက်ခံရမှုအတွက် ပြည်သူ ၁၄ ဦး နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ သေဆုံးခဲ့ရတာကြောင့် ၀မ်းနည်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ မှတ်တမ်းတင် လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး က အဆိုတင်သွင်းခဲ့တာဖြစ်ပြီး ကိုယ်စားလှယ် ဦးသိန်းထွန်းက ထောက်ခံဆွေးနွေးခဲ့ရာ အဆိုကို ကန့်ကွက်သူမရှိတာကြောင့် မှတ်တမ်းတင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ အဆိုတင်သွင်းခဲ့တဲ့ ဦးသန်းစိုးက အခုလိုပြောပါတယ်။

"မူဆယ်ကိစ္စက တစ်ကြိမ်လည်းမဟုတ်ဘူး။ ဒါ ဒုတိယ အကြိမ်ဖြစ်တယ်။ ဒုတိယအကြိမ်ဖြစ်တဲ့အခါမှာလည်း တကယ်တမ်းကျတော့ အပြစ်မဲ့တဲ့ ပြည်သူ သေတာကတစ်ကြောင်း၊ နောက်တခါ စီးပွားရေးအတွက် တရုတ်နဲ့ မြန်မာနိုင်ငံ ကုန်သွယ်မှုလမ်းကြောင်း ဖြစ်တယ်လေ။ ဖြစ်တဲ့အခါကျတော့ တခြားမလိုအပ်တဲ့ စီးပွားရေး လုပ်ငန်းတွေပါ အကုန်ရပ်ဆိုင်းတယ်။ ဒါဟာ တိုက်ပွဲဖြစ်တဲ့သဘောမဟုတ်ဘူး။ တမင်ဝင်ရောက်လုပ်တဲ့ သဘော။ အရင်တစ်ပတ်သေတုန်းကဆို ကျနော်တို့ သာစည်က နှစ်ယောက် သေသွားတယ်။ ဂိတ်စောင့်တဲ့ ကလေးတွေလေ၊ ဘာမှမဆိုင်ဘူး။ ညီအကို နှစ်ယောက်သေသွားတယ်"

ပြီးခဲ့တဲ မေလ ၁၂ ရက်နေ့ မနက်က တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က မူဆယ်မြို့မှာ ၀င်ရောက်ပစ်ခတ်ရာ ပြည်သူ့စစ်အဖွဲ့၊ ရဲတပ်ဖွဲ့၊ အစိုးရတပ်မတော်တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုတွေအတွင်း အရပ်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁ ဦး၊ ပြည်သူ့စစ် ၄ ဦး စုစုပေါင်း ၁၉ ဦး သေဆုံး ခဲ့ပြီး နောက်တစ်နေ့မှာ ထိခိုက်ဒဏ်ရာရရှိသူတွေထဲက တစ်ဦးထပ်မံသေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသား ၃ ဦးပါဝင်ပြီး အဲဒီ ၃ ဦးဟာ အလည်အပတ်ရောက်ရှိနေသူတွေဖြစ်တယ်လို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ဆိုက်တခုလုံးသို့