မြိုင်မြို့နယ်မှာ အရပ်သား ၄၀ ကျော် ဖမ်းဆီးခံရ

RFA Burmese
2022.12.13
မြိုင်မြို့နယ်မှာ အရပ်သား ၄၀ ကျော် ဖမ်းဆီးခံရ မကွေးတိုင်း၊ မြိုင်မြို့ကို Google Earth မှတွေ့ရစဉ်။
Google Earth

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၂ ရက် မနေ့က နယ်မြေ ရှင်းလင်းရေးလုပ်ခဲ့ပြီး အရပ်သားလေးဆယ်ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အရပ်သားတွေက အရှေ့ပန်းတိုင်တောရွာ၊ အရှေ့ ညောင်တွင်းရွာ၊ ကံသစ်ရွာ၊ သစ်ပင်ကြီးရွာနဲ့ ကျောက်စရစ်ကန်ရွာက ဒေသခံတွေဖြစ်ပါတယ်။

အင်အား ၁၅၀ နီးပါး ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်တို့ ဒီဇင်ဘာလ ၁၁ ရက် နေ့လည်ပိုင်းက အရှေ့ညောင်းတွင်းရွာအနီး တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်ရွာတွေက အရပ်သားတွေကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ ဖမ်းဆီးခံရသူတချို့ ပြန်လွတ်လာတယ်လို့ မြိုင် PDF ခေါင်းဆောင် ဗိုလ်လကျာ်က ပြောပါတယ်။

"အမျိုးသမီး ၁၃ နှစ်၊ ၁၄ နှစ် ကလေးမလေးတွေပါ ပါသွားတယ်။ ဒါပေမဲ့ သူတို့ စစ်ဆေးပြီး စိတ်ချရလို့ ရှစ်ယောက် ကိုးယောက်လောက်တော့ လွတ်လာတယ်"

အရပ်သားတွေကို ဖမ်းဆီးတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၁၂ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတစ်ဝန်းက အရပ်သား ၁၃၀၇၄ ဦးအထိ ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။