ကုလနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း မြန်မာသံအမတ်ကြီးပြော

2018-06-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွန်း ကို တွေ့ရစဉ်
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွန်း ကို တွေ့ရစဉ်
.

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရခြင်းဟာ  ပြည်ပဖိအားတွေကြောင့် မဟုတ်ဘဲ လုပ်ငန်းအစဉ်ပြေ ချောမွေ့စေရေးအတွက်ဖြစ်ပါတယ်။ တပြိုင်နက်မှာ မိမိတို့ နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ အမျိုးသား အကျိုးစီးပွားကို မထိခိုက်အောင် ဆောင်ရွက်နေတာဖြစ်တယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးဟောက်ဒိုဆွန်းက ပြောပါတယ်။

ဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးထားသလို ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် UNDP တို့နဲ့ အကြို သဘောတူညီချက် ရရှိပြီးဖြစ်ပါတယ်။ အခုလို ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်တာနဲ့ ပတ်သက်ပြီး သံအမတ်ကြီး ဦးဟောက်ဒိုဆွန်းက

“ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်နေတယ်ဆိုတာဟာ ကျနော်တို့က ဖိအားကြောင့် လုပ်တာမဟုတ်ဘူး။ ပြဿနာပြေလည်အောင် လုပ်တာပေါ့နော်၊ ပြဿနာ အဖြေကို လိုချင်တယ်။ ဒီအဖြေကိုရအောင် ရတဲ့နည်းလမ်း နဲ့ လုပ်တယ်တဲ့နေရာမှာလည်း ကိုယ်နိုင်ငံရဲ့ အချုပ်အချာအာဏာ မထိပါးရေး၊ ကိုယ့်ရဲ့ အမျိုးသား အကျိုးစီးပွား ကို မထိခိုက်ရေးကို အဓိကဦးတည်ပြီးတော့ ကျနော်တို့ လုပ်နေတာပါ ”လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ အခုဆောင်ရွက်တဲ့လုပ်ငန်းဟာ ဒုက္ခသည် ပြန်လည်လက်ခံရေးဖြစ်တာကြောင့် UNHCR အဖွဲ့ဟာ အရေးပါသလို ဒုက္ခသည်ကို လက်ခံပြီးနောက်ပိုင်း သူတို့ ရေရှည်နေထိုင်စားသောက်ရေးအတွက် လတ်တလောရရှိတဲ့ အကူအညီ တစ်ခုတည်းပေါ်မှာ မှီခိုနေတာမျိုး မဟုတ်ဘဲ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ UNDP က သင်တန်းတွေ၊ တခြားအကူအညီတွေပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် ပြီးခဲ့တဲ့ အပတ်အတွင်း သမ္မတရုံးက ထုတ်ပြန်တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အဲဒီအဖွဲ့မှာ ပါဝင်မယ့် ပုဂ္ဂိုလ်ဆိုတာဟာ နိုင်ငံတကာကလက်ခံမယ့် သမာသမတ်ကျတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တယ်လို့ သူက ပြောပါတယ်။

တဆက်တည်းမှာပဲ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့တဲ့ လူ ၈ဝဝဝ စာရင်းနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ တခြားလူ ၁ဝဝဝ ကျော်ကို လက်ခံဖို့ မြန်မာဘက်က စာရင်းပေးထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး သံအမတ်ကြီးက

“အဲဒါ ကျနော်တို့ နဂိုကထဲကပို့ထားတဲ့ စာရင်းပါ။ သူတို့ကိုပို့ထားတာလေ ၈ဝဝဝ ကျော်မတိုင်ခင်ကတည်း ကစာရင်း၊ ပြန်လာချင်တယ်ဆိုတာကို ပြောလို့ ဟိန္ဒူတွေဘက်က အိန္ဒိယသံရုံးဘက်ကတဆင့် ဆက်သွယ်ပြီးတော့ပြောလို့၊ ဒီဘက်မှာလည်း စစ်ဆေးတဲ့အခါကျတော့လည်း မှန်တယ်၊ စစ်ဆေး အတည်ပြုပြီးတော့ ပြန်ပို့ပေးပါ သူတို့ကို လက်ခံနိုင်တယ်ဆိုပြီး ကျနော်တို့က ပြောတာလေ၊ ဒီဘက်မှာ စာရင်းရှိတယ် သူတို့ မိသားစုတွေလည်းရှိတယ်" လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို မြန်မာအာဏာပိုင်တွေ စောစီးစွာ ပေးအပ်ခဲ့တဲ့ အဲဒီလူစာရင်းမှာ ဟိန္ဒူ  ၄၄၄ ဦးနဲ့ မွတ်စလင် ၇၇၈ ဦး  စုစုပေါင်း လူ ၁၂၂၂ ဦး ပါဝင်ပါတယ်။

တဆက်တည်းမှာပဲ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဟောက်ဒိုဆွန်းက မိမိတို့ အစိုးရရဲ့ မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအမြင်တွေ တနေ့တခြား ပိုမိုတိုးတက်ကောင်း မွန်လာနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

Dear Ambassador

You seems to be a great man. Please help from your position to bring the truth. 50 years of descriminations, tortures, must be settled for once and all

Your god will enlighten you and bless you

Jun 02, 2018 11:52 PM

ဆိုက်တခုလုံးသို့