မြန်မာကို လူကုန်ကူးမှုထူးခြားစွာ တိုက်ဖျက်နိုင်ငံဟု ကန် သတ်မှတ်


2017.06.27
human-trafficking လူကုန်ကူးခံထားရသည်မှ ကယ်တင်ပြီး ထိုင်းနိုင်ငံ ပထွန်ဌာနီခရိုင်၊ လူမှုဖူလုံရေးနှင့် ကယ်ဆယ်ရေးအဖွဲ့မှ ကူညီစောင့်ရှောက်ထားသည့်၊ မြန်မာနိုင်ငံသားအချို့ကိုတွေ့ရပုံ။
Photo: RFA

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို လူကုန်ကူး မှုတိုက်ဖျက်ရေး ထိရောက်အောင် ဆောင်ရွက်ခြင်း ကင်းမဲ့တဲ့ အဆိုးဝါးဆုံးနိုင်ငံစာရင်းကနေ ပယ်ဖျက် လိုက်ပြီး မြန်မာနဲ့ အီရတ်နိုင်ငံတွေကို ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံများစာရင်းကလည်း မနေ့က တရား ဝင် ဖယ်ရှားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရက ကလေးစစ်သားပပျောက်ရေးကို ထိရောက်စွာပြုလုပ်ခဲ့ သလို လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းပြီး ပထမဆုံးအကြိမ် အရေးယူအပြစ်ပေးခဲ့တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အခုလို အဆိုးဝါးဆုံးနိုင်ငံ အဆင့် ၃ ကနေ ထူးထူးခြားခြား တိုက်ဖျက်တဲ့နိုင်ငံ အဖြစ် အဆင့် ၂ ကိုပြောင်းလဲခဲ့တာဖြစ်ပါတယ်။

ဒါဟာ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက် ပြီး ပြစ်တင်ဝေဖန်ခံနေရတဲ့ NLD အစိုးရအတွက် အားတက်စရာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

မနေ့က ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂ဝ၁၇ ခု နှစ်ပတ်လည် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ တရုတ်နိုင်ငံကိုတော့ မြောက်ကိုရီးယားနိုင်ငံနည်းတူ လူကုန်ကူးမှုအဆိုးဝါးဆုံးနိုင်ငံစာရင်း ပြောင်းလဲထည့်သွင်း လိုက်ပါတယ်။ တရုတ်ပြည်ဟာ အရင်နှစ်က အဆင့် ၂ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။