နယ်စပ်က နာဂသူပုန်တွေကိုချေမှုန်းဖို့ မြန်မာ့တပ်မတော် အင်အားဖြည့်

2018-07-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
nagasconnect.com

မြန်မာနိုင်ငံနဲ့ အိန္ဒိယနယ်စပ်မှာအခြေစိုက်ပြီး အိန္ဒိယအစိုးရကိုတော်လှန်နေတဲ့ နာဂသူပုန်အဖွဲ့တွေကို မြန်မာ့ တပ်မတော်က စီမံချက်နဲ့ချေမှုန်းဖို့ နယ်စပ်နားကို တပ်တွေပိုပို့လိုက်တယ်လို့ ရိုက်တာသတင်း တစ်ပုဒ်မှာ မနေ့ညကဖော်ပြထားပါတယ်။

မြန်မာနိုင်ငံထဲမှာ အခြေစိုက်ထားတဲ့ NSCN (K) နာဂဆိုရှယ်လစ် အမျိုးသားကောင်စီရဲ့ဌာနချုပ်နားကို မြန်မာ စစ်တပ်တွေ ဝိုင်းထားတဲ့အတွက် စိုးရိမ်နေတဲ့အကြောင်း အိန္ဒိယပြည်ထဲရေးကိုပေးပို့တဲ့ ထောက်လှမ်းရေး အစီရင်ခံစာအရသိရတယ်လို့ သတင်းမှာရေးသားထားပါတယ်။

အဲဒီနာဂအဖွဲ့က အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးကော်မတီနဲ့ မြန်မာစစ်တပ်တို့ မကြာသေးခင်က အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ နာဂသူပုန်အဖွဲ့က အမာခံခေါင်းဆောင် ကေဒါတွေကို ဖမ်းပြီး အိန္ဒိယအစိုးရကိုလွှဲပေးမယ်လို့ မြန်မာ့တပ်မတော်ဘက်က ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NSCN ဥက္ကဋ္ဌ ခန်ဂို ကွန်ညက်ကိုလည်း သွားလာလှုပ်ရှားခွင့်ကန့်သတ်ထားပြီး၊ တာဂါနယ်ကို ပြန်ဖို့ဖိအားပေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့ခေါင်းဆောင်တွေ လုံခြုံတဲ့နေရာမှာရှိနေတယ်လို့ အဖွဲ့ရဲ့ပြောခွင့်ရသူက ပြောပါတယ်။

ကွန်မင့်များ (1)
Share

soe moe

They are so young and look more like child soldiers. Do they know what they are fighting for?

Jul 30, 2018 05:41 AM

ဆိုက်တခုလုံးသို့