အမျိုးသမီး ဘွဲ့ရစစ်ဗိုလ်သင်တန်း ပထမဆုံး ခေါ်ယူ


2013.10.16

မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံးအဖြစ် ဘွဲ့ရအမျိုးသမီးတွေကို စစ်အရာရှိဗိုလ်လောင်းသင်တန်း OTS တက်ရောက်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက လျှောက်လွှာခေါ်ယူလိုက်ပါတယ်။

ဒီကနေ့ထုတ်ဝေတဲ့ အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာ သင်တန်းတက်လိုတဲ့ အမျိုးသမီးတွေဟာ ဘွဲ့ရပြီး အသက် ၂၅ နှစ်ကနေ ၃၀ အတွင်းဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။.

သင်တန်းအောင်မြင်ပြီးရင် ရှေ့တန်းမှာ တိုက်ခိုက်ရေးတာဝန်ပေးမှာမဟုတ်ပေမဲ့  ဒုဗိုလ်အဆင့်နဲ့ စပြီးတာဝန်ထမ်းဆောင်ရမှာဖြစ်သလို၊ မဟာဝိဇ္ဇာနဲ့ ပါရဂူဘွဲ့ရသူတွေဖြစ်ပါက ဗိုလ်အဆင့်နဲ့စပြီး တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်မှာ အရင်က အခုလိုဘွဲ့ရအမျိုးသမီး အရာရှိဗိုလ်လောင်းသင်တန်းတွေ ခေါ်ယူတာမရှိခဲ့ဘဲ စစ်သူနာပြုတက္ကသိုလ်တွေအတွက်သာ ခေါ်ယူခဲ့ပြီး စစ်သူနာပြုအနေနဲ့ တာဝန်ပေးတာတွေပဲ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။