နှစ်နိုင်ငံ ပူးပေါင်းမှု မြှင့်တင်ရေး တရုတ်နဲ့ မြန်မာ ဆွေးနွေး


2018.01.18
myanmar-china-consultations-622.jpg ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ-တရုတ် သံတမန်ရေးရာ ဆွေးနွေးပွဲ ကျင်းပနေစဉ်
Photo: The Global New Light of Myanmar's facebook

မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ နှစ်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့၊ တရုတ်နိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နေမှုတွေကို ပုံမှန်ဆက်လက်လုပ်ကိုင်ဖို့၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို နှစ်နိုင်ငံလက်တွဲပြီး ဆက်လက်ထိမ်းသိမ်းဖို့ သံတမန်ရေးရာ ဆွေးနွေးပွဲတစ်ခု နေပြည်တော်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို မြန်မာဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင်နဲ့ အထူးစစ်ဆင်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ထွန်းထွန်းနောင်တို့ တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံဘက်က ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ ဦးဆောင်တက်ရောက်ခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ပုံမှန်အတွေ့အကြုံတွေ ဖလှယ်လို့ ပူးပေါင်းဆောင်ရွက်ရင်း အရေးကြီးတဲ့ သဘောတူညီချက်တွေကို ဖော်ဆောင်နိုင်ခဲ့ကြသလို ကဏ္ဍသစ်တွေမှာလည်း တစ်စိတ်တစ်ဝမ်းထဲဖြစ်အောင် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဘက် အကျိုးရှိစေရေးတွေကို ဆွေးနွေးသဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။