ဒီမိုကရေစီနဲ့ ကျေးဇူးတရား


2017.08.11
dassk-naypyitaw-622.jpg မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောကြားစဉ်
Photo: Myanmar State Counsellor Office's Facebook

ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်း၃၀ကျော် ကြိုးပမ်းခဲ့ခြင်းဟာ လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့ကြ တဲ့ ခေါင်းဆောင်ကြီးတွေအပြင် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ သာမန်ပြည်သူတွေ ရဲဘော်တွေ အပေါ် ကျေးဇူးသိသောအားဖြင့် ကြိုးပမ်းခဲ့တာဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု သုံးသပ်ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်း မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာဖြစ်ပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ အဲလိုဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လိုချင်ကြသလဲ၊ ဘာဖြစ်လို့ ဒီလိုပြုပြင်ပြောင်း လဲဖို့ရရှိဖို့အတွက် ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နှစ် ၃ဝ နီးပါး ကြိုးပမ်းခဲ့ရသလဲဆိုတာ တိုတိုပြော ရမယ်ဆိုလို့ရှိရင် ကျေးဇူးတရားတွေက၊ သစ္စာတရားတွေက၊ မေတ္တာစေတနာတွေကဖြစ်ပါတယ်၊ ကျေးဇူး တရားတွေကဆိုတာ ကျမတို့ နိုင်ငံရဲ့ လွတ်လပ်ရေးအတွက် ကြိုကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ အများသိခေါင်းဆောင်ကြီးတွေသာမက အမည်မသိရဲဘော်တွေ၊ ပြည်သူ ပြည်သူတွေအတွက် ဖြစ်ပါတယ်"

လွတ်လပ်ရေးရပြီးရင် ဘယ်လိုနိုင်ငံတော်ကြီးကို တည်ဆောက်ကြမလဲဆိုတာကို လွတ်လပ်ရေးကြိုးပမ်းစဉ် ဒို့ဗမာသီချင်းထဲက စာသားတချို့နဲ့ နှိုင်းယှဉ်ပြီး ရှင်းပြခဲ့ပါတယ်။ လွတ်လပ်ရေးရဲ့ အဓိပ္ပာယ်ဟာ  လွတ်လပ်ရုံနဲ့ မလုံလောက်ဘဲ တရားမျှတမှုရှိမှ လွတ်လပ်ရကျိုးနပ်မှာ ဖြစ်တဲ့အပြင် တိုင်းပြည်မှာ ငြိမ်းချမ်းမှုရှိရမယ် ၊ နိုင်ငံသူ နိုင်ငံသားတိုင်းဟာ တန်းတူညီမျှ အခွင့်အရေးတွေ ရကြရမယ်လို့ သီချင်းစာသားတချို့ကို ရှင်းပြပါတယ်။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီး ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ စခဲ့ပေမယ့် လမ်းလွဲကို ရောက်ခဲ့ကြောင်း အဲဒီလမ်းလွဲကို ပြန်လည်တည့်မတ်လိုတဲ့အတွက် ဒီမိုကရေစီအရေးတော်ပုံကြီးလမ်းစဉ်ကို လျှောက်ခဲ့ တာဖြစ်ကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။