မြန်မာ-အီးယူ ကုန်သွယ်ရေး ဒေါ်လာ သန်း ၁၃၀၀ ကျော် ရောက်ရှိလာ


2018.01.03
container-car-622.jpg ရန်ကုန်မြို့၊ ကမ်းနားလမ်းမှာ ကုန်သေတ္တာတင်ယာဉ်တွေကို တွေ့ရစဉ်
Photo: RFA

အခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ပထမ ၇ လတာအတွင်း မြန်မာနဲ့ အီးယူ ဥရောပနိုင်ငံတွေအကြား ကုန်သွယ်မှုဟာ ဒေါ်လာ သန်း ၁၃၀၀ ကျော်အထိ ရောက်ရှိသွားခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံကနေ အီးယူနိုင်ငံတွေဆီ ဒေါ်လာသန်း ၈၉၀ ကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး၊ အီးယူကနေ ဒေါ်လာသန်း ၄၅၉ သန်းဖိုး တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းကတော့ မြန်မာ-အီးယူအပြန်အလှန်ကုန်သွယ်ရေးဟာ ၁.၄၂ အထိ မြင့်တက်ခဲ့တာပါ။

မြန်မာနိုင်ငံကနေ အီးယူကို ဆန်၊ ပဲမျိုးစုံ၊ လဖက်ခြောက်၊ အဝတ်အထည်နဲ့ ရေထွက်ပစ္စည်းတွေ တင်ပို့ပြီး၊ အီးယူနိုင်ငံတွေကနေ အလှကုန်ပစ္စည်း၊ အဖျော်ယမကာနဲ့ စားသောက်ကုန်နဲ့ လူသုံးကုန် ပစ္စည်းတွေ တင်သွင်းနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အီးယူနိုင်ငံတွေနဲ့ ကုန်သွယ်ရေးမှာ ရေထွက်ပစ္စည်း၊ ဆန်၊ လယ်ယာထွက်ကုန်ပစ္စည်း၊ သစ်တောထွက်ကုန်ပစ္စည်း စတဲ့ ကုန်ပစ္စည်းတင်ပို့မှုတွေနဲ့ပတ်သက်လို့ GSP လို့ခေါ်တဲ့ အထူးအခွင့်အရေးကို ၂၀၁၃ ခုနှစ် ဇူလိုင်လကစလို့ ပြန်လည် ရရှိထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။