မလေးရှားမှာ သတ်ဖြတ်ခံ မြန်မာမိသားစု ရုပ်အလောင်းများ တွေ့ရှိ


2017.02.14

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် အမ်ပန်မြို့က အိမ်တအိမ်မှာ သွေးသံရဲရဲသေဆုံးနေတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတယောက်၊ ကလေးနှစ်ယောက်နဲ့ သတိလစ်နေတဲ့အမျိုးသားတယောက်ကို တနင်္ဂနွေနေ့ညမှာ ရဲကတွေ့ရှိပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

အမျိုးသားရော အမျိုးသမီးပါ အသက် ၄၇ နှစ်အရွယ်တွေဖြစ်ပြီး၊ ၂ နှစ်အရွယ်ယောက်ျားလေး တယောက်နဲ့ ၁၀ နှစ်အရွယ်မိန်းကလေးတယောက်ဖြစ်ပါတယ်။ သူတို့အားလုံးကို အိပ်ခန်းတခန်း ထဲမှာ အတူတွေ့ရတာဖြစ်ပြီး၊ အသက်ရှင်နေသေးတဲ့ အမျိုးသားကိုတော့ ဆေးကုနေတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ကို လူသတ်မှုလို့ရဲတပ်ဖွဲ့က သတ်မှတ်ထားပြီး၊ ဘာကြောင့် ဘယ်လိုဖြစ်တယ်ဆိုတာကို စုံစမ်းနေဆဲပဲလို့ သိရပါတယ်။

များမကြာသေးခင်ကလည်း မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦး ညဘက်အလုပ်က အပြန်လမ်းမှာ သတ်ဖြတ်ခံခဲ့ရပြီး၊ အဲဒီအမှုအတွက် စုံစမ်းဖော်ထုတ်သွားမယ်လို့ မလေးရှားရဲတွေက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။