တစ်နိုင်ငံလုံး ရေဘေးကြောင့် သေ သူ ၉၉ ဦး၊ လူတစ်သန်းခန့် ဒုက္ခတွေ့

2015-08-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရေဘေးဒုက္ခသည်တချို့ကို သြဂုတ်လ ၆ ရက်နေ့က မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြိုနယ် ကျောင်းတော်ရာရွာ ကျောင်းတော်ရာ ဘုရားက ရေဘေးဒုက္ခသည်စခန်းမှာ မြင်ရစဉ်
ရေဘေးဒုက္ခသည်တချို့ကို သြဂုတ်လ ၆ ရက်နေ့က မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြိုနယ် ကျောင်းတော်ရာရွာ ကျောင်းတော်ရာ ဘုရားက ရေဘေးဒုက္ခသည်စခန်းမှာ မြင်ရစဉ်
Photo: Nay Thwae/RFA

ပြီးခဲ့တဲ့ ဇွန်လကစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုတို့မှာ ရေကြီးရေလျှံမှုကြောင့် လူတစ်သန်းလောက် ရေဘေး ဒဏ်ခံခဲ့ရပြီး သေဆုံးသူ ၉၉ ဦး ရှိတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

သေဆုံးမှုအများဆုံးဟာ ရခိုင်ပြည်နယ်မှာဖြစ်ပြီး ၅၆ ဦးရှိတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောပါတယ်။

တစ်နိုင်ငံလုံးက ရေဘေးဒဏ်ခံရတဲ့ မြို့နယ်တွေမှာ လယ်ယာမြေ ဧကလေးသိန်းကျော် ပျက်စီးဆုံးရှုံးသွားပြီး ရခိုင်ပြည်နယ်တစ်ခုတည်းတင် လယ်ယာမြေဧက နှစ်သိန်းကျော် ပျက်စီးသွားပါတယ်။

စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ ရန်ကုန်၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်၊ မွန် စတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ် ၁၂ ခုမှာရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရပါတယ်။

ညွှန်ကြားရေးမှူး ဦးဝင်းရွှေကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ က ဆက်သွယ်မေးမြန်းထားတာ  နားဆင်ပါတယ်။

ကွန်မင့်များ (1)
Share

(

This is without hiding the list like Nargis. Many regional people said several villages were blown away without warning, whole villages disappeared all people, homes and animals. Burma had just taken detailed list of population for census and election, why the government didn't count those villages.ZZJTBTG

Aug 11, 2015 09:07 AM

ဆိုက်တခုလုံးသို့