မောင်ဇာနည် ကို တောင်ကိုရီးယားရောက် မြန်မာတွေ ကန့်ကွက်

2018-10-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မောင်ဇာနည် ကို တွေ့ရစဉ်
မောင်ဇာနည် ကို တွေ့ရစဉ်
Photo: Maung Zarni

တောင်ကိုရီးယားနိုင်ငံကို ရိုဟင်ဂျာ မွတ်စလင်အရေး လှုပ်ရှားနေသူတစ်ဦးဖြစ်တဲ့ မောင်ဇာနည် ခေါ် ဒေါက်တာ ဇာနည် လာရောက်ဟောပြောမှာကို ဆန့်ကျင်တဲ့ မြန်မာတွေက အင်တာနက်ကနေ လက်မှတ်ထိုးကန့်ကွက်တဲ့ လှုပ်ရှားမှုတစ်ခုကို စနေနေ့ မနေ့က စတင်ခဲ့ပါတယ်။

အဲဒီ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ကြေညာချက်မှာ မြန်မာအစိုးရက ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်ပါတယ်လို့ စွပ်စွဲတဲ့ မောင်ဇာနည် ဆိုသူဟာ အောက်တိုဘာ ၂၂ ရက်နေ့မှာ ကိုရီးယားအဖွဲ့အစည်းတွေကို လာရောက် ဟောပြောဖို့ အစီအစဉ်ရှိတဲ့အတွက် ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံသားတွေရဲ့ သဘောထားတွေကို ကိုရီးယား အဖွဲ့အစည်းတွေထံ ပေးပို့မှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ကိုရီးယား၊ မြန်မာ၊ အင်္ဂလိပ်သုံးဘာသာနဲ့ ရေးသားထားတဲ့ အဲဒီကြေညာချက်မှာ မောင်ဇာနည်ရဲ့ လှုပ်ရှားမှုတွေဟာ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အကျိုးမရှိဘဲ လူသားတွေ တစ်ဦးနဲ့ တစ်ဦး ပိုမိုမုန်းတီးအောင် လှုံ့ဆော်နေသူတစ်ဦးမျှဖြစ်ကြောင်းလည်း ဖော်ပြ ပါရှိပါတယ်။  မနေ့က ညနေပိုင်းအထိ အဲဒီ အင်တာနက် လှုပ်ရှားမှုမှာ ပါဝင်ထောက်ခံ လက်မှတ်ထိုးသူ ၁ဝဝဝ ခန့် ရှိပါတယ်။

ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မောင်ဇာနည်ကို RFA က ဆက်သွယ်လို့ မရသေးပါဘူး။

ကွန်မင့်များ (2)
Share

silent one

နေရပ်- USA

He is a hater. He hate his own country, own people, his culture. He is the one spreading the hate between ethnic groups of myanmar. He is the one making false accusation to myanmar and its leaders in international community. he is a disgraced to mayanmar. He never present the fair solution for both parties. actually, he is a arrogant, ignorant to every one. he has no respect to any one. he just keep advocating for his popularity among international community.

Oct 14, 2018 12:06 PM

အမည်မဖော်လိုသူ

လုံးဝကန့်ကွက်ပါတယ်...အနီးနားရှိရင်တံတွေးနဲ့ထွေးချင်တယ်...အသားထဲကလောက်ထွက်နေတာ...မိဂုဏ်ဖဂုဏ်မှမထောက်...မွတ်ကိုအဖခေါ်ချင်နေတာ...

Oct 13, 2018 11:08 PM

ဆိုက်တခုလုံးသို့