အင်ဒိုနီးရှား စစ်ဘက်အရပ်ဘက် ဆက်ဆံရေး မြန်မာကိုယ်စားလှယ် အဖွဲ့ လေ့လာ

2016-04-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကို အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်
SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကို အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo:Thiha Tun/RFA

အင်ဒိုနီးရှားနိုင်ငံက စစ်ဘက်အရပ်ဘက် ဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်မှု လုပ်ငန်းစဉ်များမှာ မြန်မာနိုင်ငံ အနေနဲ့ သင်ခန်းစာယူစရာတွေ အများကြီးရှိတယ်လို့ လေ့လာရေးအဖွဲ့ဝင် SNLD ပါတီက ဦးစိုင်းညွှန့်လွင် က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ရောက်ရှိနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ တပ်မတော်က အငြိမ်းစား ဗိုလ်ချုပ် ကြီး ၃ဦး၊ NLD ပါတီက ဦးထွန်းထွန်းဟိန်၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးနိုင်ငံလင်း အပါအ၀င် ၅ဦးနဲ့  ကြံ့ခိုင်ဖွံဖြိုးရေး ပါတီနဲ့ တိုင်းရင်းသားပါတီများအပြင် မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ ပါဝင်ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၁၈ရက်နေ့ကနေ ဒီကနေညနေပိုင်းအထိ အင်ဒိုနီးရှားမှာ ပြုပြင်ပြောင်း လဲရေး ဆောင်ရွက်သွားတဲ့ အင်ဒိုနီးရှားစစ်တပ် အငြိမ်းစားဗိုလ်ချုပ်ကြီးများနဲ့ ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပါ တယ်။ ဆွေးနွေးပွဲမှာ တွေ့ရှိချက်တွေကို မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းညွန့်လွင်က ပြောပြပါတယ်။

"အဓိကထူးခြားချက်ကတော့ သူတို့ခေါင်းဆောင်တွေက စိတ်ကောင်း စေတနာကောင်းနဲ့ ဥာဏ်မြော်အမြင်ကြီး တဲ့အချက်ပါ၊ သူတို့က အဖွဲ့အစည်း နောက်လူမျိုး ဘာသာရေး အကုန်လုံးကို နိုင်ငံ့ချစ်စိတ် နိုင်ငံ့အတွက်ဆိုတဲ့ အခြေအနေတစ်ခုတည်းအပေါ်မှာပဲ တွက်လိုက်တဲ့အခါမှာ အောင်မြင်မှုရတာပေါ့"

အဖွဲ့ဟာ မနက်ဖြန်မှာ အာချေးပြည်နယ်ကို ဆက်လက်သွားရောက်မှာဖြစ်ပြီး အဲ့ဒီပြည်နယ်မှာ ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဧပြီလ ၂၅ရက်နေ့အထိ လေ့လာမှာဖြစ်ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဂျာကာတာမြို့မှာ ရောက်ရှိနေတဲ့ SNLD ပါတီက အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

စစ် ခေါင်းဆောင်တွေ မှာ စိတ်ကောင်း စေတနာကောင်းနဲ့ ဥာဏ်မြော်အမြင်ကြီး ဖို့ လို
ပါတယ်။
၁၅ နှစ် အချိန်ဆွဲ အသာစီး နဲ့ ကလိန်ကကျစ် နဲ့ နွားမ ရွှံ့ ပိတ် ရေးခြင်ရာရေးထားတဲ့ ကလေး ကလား အမြီးအမောက် မတည့်တဲ့ ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေ တွေက
တိုင်ပြည်အပေါ်၊နိုင်ငံအပေါ်
ပြည်သူအပေါ်၊နိုင်ငံသားတိုင်းအပေါ်အကျိုးမရှိအကျိုးမပြုမှန်းသိလျှက်နဲ့ သူတို ကအသက်ပေးကာကွယ်မယ် ဆိုပဲ

Apr 20, 2016 11:35 PM

ဆိုက်တခုလုံးသို့