မြန်မာသံတော်ဆင့်ဂျာနယ်က ၁၁ ဦးကို အမှုဖွင့်


2014.11.07
myanmar-herald-305.jpg မြန်မာသံတော်ဆင့် ဂျာနယ်မျက်နှာဖုံးတစ်ခုကို တွေ့ရစဉ်
Photo: RFA

မြန်မာသံတော်ဆင့်ဂျာနယ်က ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်အပါအဝင် ၁၁ ဦးကို ပြန်ကြားရေးဝန်ကြီး ဌာနက ပုဒ်မ ၂၅(ခ) ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ရေးသားမှု နဲ့ နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ အမှုဖွင့်လိုက်ပါတယ်။

သတင်းမီဒီယာပုဒ်မ ၂၅(ခ)နဲ့ နိုဝင်ဘာလ ၁၄ရက်နေ့မှာ တရားရင်ဆိုင်ဖို့ တရားရုံးက ဆင့်ခေါ်ထားတယ် လို့ မြန်မာသံတော်ဆင့်ဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ဦးအောင်ထွန်းလင်းက ပြောပါတယ်။

"တရားရုံးက လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့ မှာပေါ့နော် ကျနော်တို့ကို သတင်းမီဒီယာဥပဒေ ၂၅(ခ) ကျူးလွန်ကြောင်း စွဲချက်ရှိတယ်ဆိုပြီး ဆင့်ခေါ်ထားပါတယ်၊ ကျနော်တို့ကို ဆင့်ခေါ်တာ ကတော့ အယ်ဒီတာချုပ် ဦးကျော်စွာဝင်း ကနေစပြီးတော့ ဖြန့်ချီရေးဝန်ထမ်း ဦးဇေယျာမိုးအထိ အားလုံးပေါင်း ၁၁ ယောက်ကို ခေါ်ထားတာပါ"

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ထုတ်ဝေခဲ့တဲ့ မြန်မာသံတော်ဆင့် အပတ်စဉ်ဂျာနယ်မှာ ဒုတိယအယ်ဒီတာချုပ် အံ့ခေါင်မင်းက ဗေဒါနိုင်ငံရေးသိပ္ပံကျောင်းအုပ် ဦးမျိုးရန်နောင်သိမ်းနဲ့ တွေ့ဆုံမေးမြန်းချက်ကို ဖော်ပြထားခဲ့တယ်။ အဲဒီမှာ နိုင်ငံတော်သမ္မတကို မသုံးနှုန်းသင့်တဲ့ အသုံးနှုန်းတွေနဲ့ ပြောဆိုဖော်ပြထားတာကြောင့် နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲဆိုခဲ့တာပါ။

မြန်မာသံတော်ဆင့်ဂျာနယ် ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ် ဦးကျော်စွာဝင်း၊ ဒုတိယအယ်ဒီတာချုပ်တွေဖြစ်တဲ့ ဦးအောင်ကျော်မင်း၊ ဦးဆန်းထူးဝင်း၊ ဦးအံ့ခေါင်းမင်း စတဲ့ပုဂ္ဂိုလ် ၁၁ ဦးကို တရားရုံးက ဆင့်ခေါ်ထားတာ ဖြစ်ပါတယ်။

မြန်မာသံတော်ဆင့်ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးအောင်ထွန်းလင်းကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။