မြန်မာ့လူ့အခွင့်အရေး ဆုံးဖြတ်ချက် ရပ်ဆိုင်းဖို့ ကုလမှာ အိန္ဒိယပြောကြား


2015.04.25
bankimoon-press-305.jpg နိုဝင်ဘာလ ၁၂ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း သတင်းစာရှင်းလင်စဉ်
Photo: RFA

ကုလသမဂ္ဂက နှစ်စဉ်ချမှတ်နေတဲ့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ဆက်လက်ချမှတ်ခြင်း မပြုပါနဲ့တော့လို့ အိန္ဒိယနိုင်ငံကိုယ်စားလှယ် Mr. Asoke Mukerji က ပြောကြားလိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ သောကြာနေ့ က ကျင်းပတဲ့ မြန်မာ့လုပ်ဖော်ကိုင်ဖက်များ အဖွဲ့ ဆွေးနွေးပွဲမှာ မစ္စတာ မူခါဂျီက  မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဖြစ်ထွန်းခဲ့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေးတိုးတက်မှုတွေကို အိန္ဒိယနိုင်ငံက ကြိုဆိုကြောင်း၊ ဒါကြောင့် အဲ့ဒီတိုးတက်မှုတွေကို အားပေးအသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာပြည်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ဆက်လက်ချမှတ်ခြင်းမပြုဘဲ ရပ်တန့်ကြ ပါလို့ ကုလအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းသွားခဲ့ ပါတယ်။

အဲ့ဒီအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ မြန်မာပြည်အနှံ့အပြားမှာ ပေါ်ပေါက်နေ တဲ့ ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်းစုရေးရာ ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုဘူးဆိုရင် မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ထိခိုက်စေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။