ကက်ပလန်အဖွဲ့နှင့် အပစ်ရပ်ကိစ္စ ရုပ်သိမ်းပေးဖို့ မြန်မာကို အိန္ဒိ ယတောင်းဆိုဖွယ်ရှိ

2017-06-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရှေ့လာမယ့်လအတွင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ရာဂျစ် မရီရှီ မြန်မာနိုင်ငံ နေပြည်တော်ကို သွားရောက်တဲ့အခါ NSCN-K ခေါ် ကက်ပလန် နာဂမြေ အမျိုးသား ဆိုရှယ်လစ်ကောင်စီအဖွဲ့နဲ့ မြန်မာ့တပ်မတော်ကြား အပစ်အခတ်ရပ်စဲထားတဲ့ကိစ္စ ပြန်လည်ရုတ်သိမ်းပေးဖို့ မြန်မာကို တောင်းဆိုဖွယ်ရှိတယ်လို့ The Hindu သတင်း က ဖော်ပြပါတယ်။

ကက်ပလန် နာဂသူပုန်အဖွဲ့ဟာ အိန္ဒိယအစိုးရ စစ်တပ်ကို အကြိမ်ကြိမ် တိုက်ခိုက်နေတာကြောင့် ၂၀၁၅ ခုနှစ် မှာ မတရားအသင်းအဖြစ် သတ်မှတ်ကြေညာ ခဲ့ပါတယ်။

အရင်တခါ ဆွေးနွေးပွဲတုံးကလည်း အိန္ဒိယနယ်စပ်အနီး မြန်မာဘက်ခြမ်းက တောတောင် ထူထပ်ရာဒေသ တွေမှာ ခိုလှုံနေတဲ့ သူပုန်စခန်း ၂၀ ကျော်ရဲ့စာရင်း တခု အိန္ဒိယ က မြန်မာကို ပေးခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ စစ်တပ်ကတော့ အဲဒီစခန်းတွေ မရှိဘူးလို့ ငြင်းဆိုပါတယ်။

နာဂသူပုန်ခေါင်းဆောင် NSCN-K ဥက္ကဌ ကက်ပလန် ဟာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ သူ့နေရာကို ဒု ဥက္ကဌ ခန်ဂိုကွန်ယက် က ဆက်ခံပါတယ်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဟာ နှစ်နိုင်ငံ အမျိုးသားအဆင့် ဆွေးနွေးပွဲအတွက် မြန်မာနိုင်ငံကို ဇူလိုင်လ ၆ ရက် နေ့မှာ ရောက်ရှိမှာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့