မိုးရေးမှာ ညမထွက်ရ အမိန့်ထုတ်

2018-07-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာ-အိန္ဒိယနယ်စပ်ကို တွေ့ရစဉ်
မြန်မာ-အိန္ဒိယနယ်စပ်ကို တွေ့ရစဉ်
Photo:defenceaviationpost.com

မြန်မာနဲ့ အိန္ဒိယ နယ်စပ်မှာဖြစ်ပေါ်နေတဲ့ နယ်ခြားမှတ်တိုင်အရေးကြောင့် အိန္ဒိယနိုင်ငံ မိုးရေးမြို့နယ်အတွင်း ပုဒ်မ ၁၄၄ နဲ့ ညမထွက်ရအမိန့်ကို စနေနေ့က ထုတ်ပြန်ထားပါတယ်။

အမိန့်ထုတ်ပြန်ထားတဲ့မြို့နယ်တွေမှာ ည ၇ နာရီကနေ မနက် ၄ နာရီအတွင်း လူငါးဦးထက် ပိုမိုစုဝေးခွင့် ၆ လ ပိတ်ထားပါတယ်။  အခုလိုထုတ်ပြန်ရတာဟာ အိန္ဒိယ- မြန်မာ နယ်ခြားမှတ်တိုင်အမှတ် ၈၁ ကို မြန်မာဘက်က အိန္ဒိယပိုင်နယ်အတွင်း ၃ ကီလိုမီတာ ခန့် ဝင်ရောက်စိုက်ထူခဲ့ပြီးနောက်ပိုင်း အခြေအနေတွေ တင်းမာနေတဲ့ အတွက်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေက အလံများစိုက်ထူကြပြီး နိုင်ငံရေးပါတီတွေ လူမှုရေးအဖွဲ့တွေပါ အမျိုးသားရေးနဲ့ ကျူးကျော်မှုအဖြစ် ဆော်သြနေကြပါတယ်။ အခုလို သူတို့ပိုင်နက်အတွင်း နယ်ခြားမှတ်တိုင် ဝင်စိုက်မှုနဲ့ ပတ်သက်ပြီး အိန္ဒိယအာဏာပိုင်တွေက အထူးကော်မတီတရပ်ဖွဲ့စည်း စုံစမ်းနေပါတယ်။ ဒီအဖွဲ့က အစိုးရကို အစီရင်ခံစာတင်သွင်း မှာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့