မြန်မာ့ စက်မှုထုတ်ကုန်ကဏ္ဍ တဟုန်ထိုး တိုးတက်ဖို့ တာစူနေပြီ


2017.01.15
factory-workers-622.jpg အထည်ချုပ်စက်ရုံတစ်ခုကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံရဲ့ စက်မှုထုတ်ကုန်လုပ်ငန်းကဏ္ဍဟာ အကြီးအကျယ် တိုးတက်ဖို့ တာစူနေပြီလို့ ဒီကနေ့ ထုတ်ပြန်တဲ့ Nikkei Asian Review နစ်ကေး အေးရှင်းန် ရီဗျူးသတင်းက ဖေါ်ပြလိုက်ပါတယ်။

စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းမှုနဲ့ အလုပ်သမားလစာ သက်သာမှုတွေကြောင့် ထုတ်ကုန်လုပ်ငန်း အခုလို တိုးတက်လာတာဖြစ်ကြောင်း ဂျပန်နိုင်ငံက အဝတ်အစားထုတ်တဲ့ Honeys ကုမ္ပဏီဆိုရင် မြန်မာနိုင်ငံမှာ ၂ဝ၁၅ ခုနှစ် လုပ်ငန်းစတင်စဉ်က အလုပ်သမား ၃ဝဝ ပဲရှိရာကနေ အခု ၂၆ဝဝ ရှိလာပြီဖြစ်ကြောင်း၊ အဲဒီ ကုမ္ပဏီဟာ မူလက တရုတ်နိုင်ငံမှာ သွားရောက်လုပ်ကိုင်ရာကနေ အလုပ်သမားခ ပိုသက်သာတဲ့ မြန်မာနိုင်ငံကို ရွှေ့ပြောင်း လာတာဖြစ်ကြောင်းနဲ့  မြန်မာပြည်မှာ အလုပ်သမားတစ်ဦးကို လုပ်ခလစာအဖြစ် တစ်လကို ကန် ဒေါ်လာ ၁၅ဝ လောက်ပဲ ပေးရတဲ့အတွက် ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ် စတဲ့နိုင်ငံတွေထက် သက်သာကြောင်း စသဖြင့်ရေး သားထားပါတယ်။

မြန်မာနိုင်ငံ အထည်အလိပ် လုပ်ငန်းရှင်များအသင်း MGMA မှာ ၂ဝ၁၅ လောက်က အဖွဲ့ဝင် ၁ဝဝ လောက်ပဲရှိရာ ကနေ အခု ၄ဝဝ ခန့်ရှိလာပြီဖြစ်ပြီး အခုလို တိုးပွားလာရခြင်းရဲ့ အဓိကအချက်ဟာ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်ခြင်းကြောင့်ဖြစ်တယ်လို့လည်း နစ်ကေး သတင်းမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။