တပ်မတော်က တရားစွဲမှုဟာ ခြိမ်းခြောက်မှုဟု MJN ပြောကြား

2016-06-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တပ်မတော်က တရားစွဲဆိုခဲ့တာကြောင့် 7 Day သတင်းစာအနေနဲ့ နိုင်ငံပိုင်သတင်းစာမှာ ပြန်လည်တောင်း ပန်ကြောင်း ဖော်ပြခဲ့ရတာဟာ မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်ထင်မြင်ကြောင်း မြန်မာဂျာနယ် လစ်ကွန်ရက်က သဘောထားထုတ်ပြန်ချက်တစ်စောင် ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

7 Day သတင်းစာက ရေးသားလိုက်တဲ့သတင်းဟာ သတင်းစာပညာအရ မှားယွင်းမှုမရှိဘူးလို့ မြန်မာဂျာနယ်လစ် ကွန်ရက် အတွင်းရေးမှူး ၂ မဝေမာသိမ့် က ပြောပါတယ်။

"7 Day က အဓိကရေးသားထားက သူရဦးရွှေမန်းရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ အကြောင်းအရာကို အခြေခံ ပြီးတော့ ရေးသားတယ်၊ နောက်တစ်ဘက်က သူတို့ရဲ့ သတင်းအရင်းမြစ်တွေကို မေးထားတယ်ပေါ့နော်၊ အဲ့မေးထားတဲ့အပေါ်မှာ သတင်းသမားတစ်ယောက်က သူ့ရဲ့ယူဆချက်တွေမပါဘူး၊ တခြားလူတွေရဲ့ သဘောထားအမြင်နဲ့ပဲ သတင်းတစ်ပုဒ်ကို ဖန်တီးဖေါ်ပြထားတာဖြစ်တယ်၊ အဲ့အပေါ်မှာ ကျမတို့အနေနဲ့ ရှုမြင်တာကလည်း သတင်းစာပညာအရ ကြည့်မယ်ဆိုရင်တော့ မှားယွင်းမှုမရှိဘူးလို့ ကျမတို့အနေနဲ့ အဲ့လို ရှုမြင်ပါတယ်၊ ကျမတို့ထုတ်ပြန်ချက်ထဲမှာ အဲ့ဒါလေးကို ထည့်ထားတာဖြစ်ပါတယ်"

ဒါ့အပြင် မီဒီယာသမားတွေဘက်က ပြန်လည်တောင်းပန်ကြောင်း ဖော်ပြလိုက်တာဟာ အယ်ဒီတာတွေရဲ့ သတင်းခန်း စီမံခန့်ခွဲမှုအပေါ်မှာ ပိုင်ရှင်တွေအနေနဲ့ ဝင်ရောက်စွက်ဖက်သလို သတင်းမီဒီယာသမားတွေရဲ့ လွတ်လပ်စွာ သတင်းထုတ်ဖော်ခွင့်ကို ခြိမ်းခြောက်တဲ့သဘော သက်ရောက်စေကြောင်းလည်း ပြောပါတယ်။

7 Day သတင်းစာမှာ ပြီးခဲ့တဲ့ ဧပြီလက "စစ်တက္ကသိုလ်ဆင်းညီနောင်များအား လက်ရှိအစိုးရနဲ့ပူးပေါင်းဆောင် ရွက်ရန် သူရဦးရွှေမန်းတိုက်တွန်း"ဆိုတဲ့ ခေါင်းစဉ်နဲ့သတင်းကို ဖော်ပြခဲ့ရာမှာ တပ်တွင်းစည်းလုံးညီညွတ်မှုကို ပျက်ပြားအောင် သတင်းဖော်ပြခဲ့တယ်ဆိုပြီး တပ်မတော်ဘက်က ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ကမာရွတ်ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ နဲ့ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

အမှုဖွင့်ပြီးနောက် 7Day သတင်းစာနဲ့ တပ်မတော် တာဝန်ရှိသူတွေကြား ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး 7 Day Daily သတင်းစာနဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ တပ်မတော်သို့ ပန်ကြားလွှာထုတ်ပြန်ပြီး ဖော်ပြတောင်းပန်ခဲ့တာဖြစ်ပြီး အမှုကို ပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အတွင်းရေးမှူး ၂ မဝေမာသိမ့် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (3)
Share

တာဝန်သိသူသည်အသိတရားဖြင့်တာဝန်ယူပါသည်။

နရေပျ- မည်သူကိုမှ အခြေမြစ်မရှိ ရှေ့ နောက်မကြည့်ကာအပြစ်စကားမဆိုပါ။

သတင်းဖြန်ချိသူပဲ ထုတ်လုပ်သူမဟုတ်ဖူးဆိုပီးတာဝန်ကိုရှောင်လွဲလို့
မရပါဖူး...

ရွှေသမင်ဘယ်ကလာဆိုတဲ့စကားလိုပေါ့

ယူရမဲ့တာဝန်ကို တာဝန်သိစိတ်နားလည်သူကယူတတ်ကြပါတယ်..

ဒီသဘောပါပဲ

Jul 04, 2016 04:34 AM

အမည်မဖော်လိုသူ

7 Day သတင်းစာက သတင်းဖြန့်ချီသူပဲ သတင်းထုတ်လုပ်သူမှ မဟုတ်တာ။ တရားစွဲ ချင်ရင် သတင်းထုတ်လုပ်သူ ကို စွဲပေါ့။

Jul 01, 2016 09:08 PM

အမည်မဖော်လိုသူ

7 Day သတင်းစာက ရေးသားလိုက်တဲ့သတင်းဟာ သတင်းစာပညာအရ မှားယွင်းမှုမရှိတဲ့ အတွက် တပ်က တရားစွဲ ချင်တိုင်း စွဲ လို့ရတယ် ဆိုတာ တရားဥပဒေ စိုးမိုးမှု မရှိတာ အနိုင်ကျင့်တာ ကို ဖေါ်ပြတယ်။ ကိုယ်ကလည်းမှားသေးတယ် ကိုယ့်ကို ဝန်ချတောင်းပန်တာလည်း ခံချင်သေးတယ်။ တကယ်က မှားတဲ့ လူက ကတောင် ပြန်တောင်းပန်ဘို့ကောင်းသေးတယ်။ ပြည်သူက တပ်ကို မယုံကြည်ဘူး လေးစားမှု မရှိဘူး ဆိုတာ အဲဒါပဲ။

Jun 30, 2016 08:42 PM

မ်က္စိတဆံုး ၾကည့္ပါ

သတင်းစာပညာအရမှားယွင်းမူမရှိဖူးဆိုပီး
ဘာသာရေးလူမူရေးလူမျိုးရေးနိုင်ငံရေး
အလုပ်သမားရေး ကျောင်းသားရေးအဖွဲစည်း စည်းလုံးမူပြိုကွဲရေး၂နိုင်စစ်မက်ဖြစ်ပွားရေးစသည့်ပဋိပက္ခဖြစ်စေနိုးဆော်စေမဲ့ရေးသား
ထားချက်များ(မူရင်းပြောသူ၏သတင်းကို အခြေခံသည့်တိုင်) ကို ထည့်လို မရပါဖူး။တနည်းအားဖြင့်သတင်းတပုဒ်သည် တိုင်းပြည်နဲ့ပြည်သူအပေါ်ဘယ်လို အကျိုးဖြစ်စေ လဲဆိုတာသတင်းစာသမားရဲ့ အပြုသဘောစဉ်းစားဆင်ခြင်တွေးခေါ်
ဝေဖန်သုံးသတ်နိုင်စွမ်း(Rational.Thinking/ Knowledge) နဲ့ပေါင်းစပ်မှဖြစ်လာတာပါ

ယင်းမှသာလျှင်မလိုလားမဖြစ်အပ်သည့် ကိတ်စများကိုရှောင်ရှားနိုင်မည်ဖြစ်ပါသည်

Jul 01, 2016 03:22 AM

ဆိုက်တခုလုံးသို့