မြန်မာလူသတ်မှုတွေ လူမှောင်ခိုနဲ့ မဆိုင်ကြောင်း မလေးရှားဝန်ကြီး ပြော

2015.03.19

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ပါဝင်ပတ်သက်နေတဲ့ လူသတ်မှုတွေဟာ လူမှောင်ခိုဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတဲ့ ပြောဆိုချက်ကို မလေးရှား ပြည်ထဲရေးဌာန ဒုတိယဝန်ကြီး ဒါတွတ်ဝမ်က မဟုတ်မှန်ကြောင်း ငြင်းဆိုပယ်ချလိုက်ပါတယ်။

မလေးရှားရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်ချက်အရ ရွှေ့ပြောင်းအလုပ်သမားတွေကြား ဖြစ်ပွားခဲ့တဲ့ လူသတ်မှုအများစု ဟာ ခိုက်ရန်ဖြစ်ပွားမှု၊ လက်စားချေမှု၊ ရာဇဝတ်မှု၊ စီးပွားရေးနဲ့ မူးယစ်ဆေးဝါး ကွန်ရက်တွေကြောင့် ဖြစ်ပွားခဲ့ တယ်ဆိုတာ တွေ့ရှိရကြောင်း၊ လူမှောင်ခိုလုပ်ငန်းနဲ့ ဆက်စပ်ပတ်သက်နေတာမျိုး မတွေ့ရကြောင်း၊ ပီနန်ကျွန်း မှာ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီး တရားစွဲခံခဲ့ရတဲ့ လူသတ်မှုတွေအပါအဝင် မလေးရှားမှာ တိုးတက်များပြား လာနေတဲ့ ရာဇဝတ်မှုတွေဟာ မြန်မာအသိုင်းအဝိုင်းကြားမှာသာ ပေါ်ပေါက်နေတဲ့ ပြဿနာတွေဖြစ်ကြောင်း ပြည် ထဲရေးဌာန ဒုတိယဝန်ကြီး ဒါတွတ်ဝမ်က ပြောပါတယ်။

ဒါ့ပြင် အခုလို အချိန်အခါမှာ မလေးရှားနိုင်ငံကို တဆင့်ခံအဖြစ်အသုံးချပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ကြ မယ့် နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေရဲ့ရန်ကို တားဆီးကာကွယ်နိုင်အောင် အကြမ်းဖက်ဆန့်ကျင် တိုက်ဖျက်ရေး ဥပဒေကြမ်းတစ်ရပ် ရေးဆွဲနေတယ်လို့လည်း ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။