ကမ္ဘာ့ဘဏ်က သန်း ၂ဝဝ ချေးဖို့ သမ္မတ တင်ပြ


2016.05.13
new-pyitaungsu-hluttaw-620.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံက ကဏ္ဍသုံးရပ်မှာ အသုံးပြုဖို့အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးဖို့ ကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာ ရေးဝန်ကြီး ဌာနတို့မှာ သုံးစွဲဖို့အတွက် ချေးငွေရယူတာဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဝင်း က တင်ပြဆွေးနွေးပါတယ်။

"အထက်ပါခေးျငွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိသည့် လမ်းများအဖြစ် ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၁ဝ၅ သန်း၊ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ကျေးလက်ဒေသလမ်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာသန်း ၇ဝ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဌာနက အရေးပေါ်တုန့်ပြန်မှုချေးငွေအဖြစ် လျာထားဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့ Project Management လုပ်ငန်းများဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၁ဝ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၂ဝဝ ဖြစ်ပါတယ်"

အတိုးမဲ့ချေးငွေဖြစ်ပြီး ဆိုင်းငံ့ကာလ ၆ နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ်၊ စုစုပေါင်းသက်တမ်း ၃၈ နှစ် ဖြစ်ကာ ဝန်ဆောင်ခအတွက် တစ်နှစ်ကို သုည ဒသမ ၇၅ ရာခိုင်နှုန်းပေးရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ချေးငွေစုစုပေါင်းဟာ ၂၀၁၅ ဒီဇင်ဘာ ၃၁ အထိ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၁၁၄ သန်းဖြစ်ပြီး ၁၉၅၉ သန်း ပြန်ဆပ်ထားတဲ့အတွက် အမေရိကန်ဒေါ်လာ ၉၁၆၄ သန်း တင်ရှိနေပါတယ်။

ကြွေးမြီခံနိုင်ရည်နဲ့ ဂျီဒီပီအချိုးက ၁၆ ဒသမ ၁ ရာခိုင်နှုန်းရှိတဲ့အတွက် ကမ္ဘာ့ဘဏ်က သတ်မှတ်ထား တဲ့ ကြွေးမြီခံနိုင်ရည်ဘောင်ထဲမှာရှိတယ်လို့ ဝန်ကြီး ဦးကျော်ဝင်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။