နေရပ်ပြန်မယ့် မြန်မာအလုပ်သမားတွေကို ဖမ်းဆီးလို့ ထိုင်းစက်ရုံကို ဆန္ဒပြ

2021.04.08
နေရပ်ပြန်မယ့် မြန်မာအလုပ်သမားတွေကို ဖမ်းဆီးလို့ ထိုင်းစက်ရုံကို ဆန္ဒပြ ထိုင်းနိုင်ငံ ပင်လယ်စာစျေးမှ မြန်မာအလုပ်သမားများကို ၂၀၁၈ စက်တင်ဘာ ၂၀ရက်နေ့က တွေ့ရစဉ်
Photo: AFP

ထိုင်းနိုင်ငံ ဆောင်ခလခရိုင်က ပင်လယ်စာ စက်ရုံတစ်ရုံမှာ မြန်မာအလုပ်သမား တစ်ထောင်လောက်က ဆန္ဒပြခဲ့ကြပါတယ်။

အင်္ဂါနေ့ ညက မြန်မာအလုပ်သမား ၂၀ကို ရဲက ဖမ်းဆီးခဲ့တဲ့အတွက် ဆန္ဒပြကြတာလို့ သိရပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမားကြား နားလည်မှုလွဲမှားလို့ ဖြစ်ရတဲ့ ပြဿနာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်နေကြတဲ့ ဆန္ဒပြလူထုကို စစ်အစိုးရက အကြမ်းဖက် နေတဲ့အတွက် မြန်မာနိုင်ငံကို ပြန်ကြဖို့ စီစဉ်နေတဲ့ မြန်မာအလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြား ပြဿနာ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

ဒီအတွင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ထိုင်း-မြန်မာ နယ်စပ်တစ်လျှေက်က မြန်မာ ဒုက္ခသည်တွေကို လူသားချင်းစာနာရေး အကူအညီတွေ ဆောင်ရွက်ပေးထားကြောင်း ပြောလိုက် ပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။