လိပ်ကျွန်းလူသတ်မှု ၀န်ခံချက် ကို မြန်မာလူငယ်နှစ်ဦး ပြန် ရုပ်သိမ်း

2014-10-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထိုင်းခိုတောင်းကျွန်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာ နှစ်ဦးကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံစဉ်
ထိုင်းခိုတောင်းကျွန်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာ နှစ်ဦးကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံစဉ်
Photo: Min Oo

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ ထိုင်းရဲထံမှာ ထွက်ဆိုခဲ့တဲ့ဝန်ခံချက် ကို သူတို့ရဲ့ရှေ့နေတွေက တရားဝင် ပြန်ရုပ်သိမ်းလိုက် ပြီဖြစ်ပါတယ်။

အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေ များကောင်စီအဖွဲ့က ရှေ့နေနှစ်ဦး မနေ့က ကော့စမွီး အကျဉ်းထောင်မှာ သူတို့ကို သွားရောက်တွေ့ဆုံ ပြီးနောက်မှာ အမှုဝန်ခံချက်ကို ပြန်ရုပ်သိမ်းတဲ့စာကို တရားစွဲရှေ့နေထံကို ပေးအပ်ခဲ့တာဖြစ်တယ်လို့ မနေ့က တွေ့ဆုံရာမှာလိုက်ပါသွားတဲ့ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ HRDF ရဲ့တာဝန်ခံ မအေးမာချို က ပြောပါတယ်။

"အင်္ဂါနေ့သွားပြီး ကျမတို့ ရှေ့နေကောင်စီအဖွဲ့ နဲ့ပေါ့နော်၊ ကလေးတွေဆီမှာ ဝင်ရောက်ပြီးတော့ အမှုကိုမေးတာပေါ့နော်၊ မေးတဲ့အခါကျတော့ ကလေးတွေက သူတို့အဲ့ဒီနေရာမှာ ဂီတာတီးတယ်၊ သီချင်းဆိုတယ် ပြီးတော့ ရေကူးတယ်ပေါ့နော်၊ ဘီယာသောက်ပြီးတော့ ရေကူးပြီးတော့ အခန်းထဲမှာ ပြန်အိပ်တာပေါ့၊ သူတို့ တကယ်မလုပ်ခဲ့ ဘူးပေါ့နော်၊ လုပ်ခဲ့တဲ့လူကိုလည်း သူတို့်မသိဘူးပေါ့ အဲ့ဒါပြောပြတယ်၊ ပြောပြပြီးတော့တခါ စီနီယာကနေပြီး သူတို့ကို ငြင်းပယ်စာလို့ခေါ်မယ် ဒီစာကို ယူသွားပြီးတော့ တင်တာပေါ့နော်"

ဒါ့အပြင် ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့က အမှုနဲ့ပတ်သက်ပြီး ဘာကြောင့်ဝန်ခံခဲ့ရတယ်ဆိုတာတွေ၊ မှုခင်းနဲ့ ပတ်သက်ပြီး သရုပ်ပြခဲ့ရတဲ့ အခြေအနေတွေကို ရှေ့နေတွေကို ရှင်းပြခဲ့ကြတယ်လို့ ဆိုပါတယ်။သူတို့ကို စကားပြန်ဖြစ်သူက ရိုက်နှက်ညှင်းပန်းနှိပ်စက်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး အဲဒီစကားပြန်ကို တရားစွဲဆို အရေးယူနိုင်ရေးကို ရှေ့နေတွေက စီစဉ်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

ဒီကနေ့မှာဘဲ ထိုင်းရှေ့နေများကောင်စီက ရှေ့နေတွေဟာ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ဖမ်းဆီးခံနေရ တဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ မိဘတွေ အပါအဝင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံပြီး အမှုအတွက် ဆောင် ရွက်မှု အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းရှေ့နေများကောင်စီက ရှေ့နေတွေနဲ့   လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ HRDF က Mr. Andy Hall တို့ လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ကော့စမွီးအကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့တဲ့ အခြေအနေတွေ၊ အမှုအတွက် ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ HRDF ရဲ့ တာဝန်ခံ မအေးမာချိုကို ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့