မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂရဲ့ ပထမဆုံး ကမ္ဘာ့ကဗျာနေ့ အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့၊ ယုဒသန်ရိပ်သာမှာ ကျင်းပပါတယ်။

2012.03.21
world-poet-day-yangon-b305 ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်က ရန်ကုန်မြို့၊ ယုဒသန်ရိပ်သာတွင် ကျင်းပသော မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂ၏ ကမ္ဘာ့ကဗျာနေ့ အခမ်းအနား၌ တက်ရောက်လာသူများအား တွေ့ရစဉ်။
Photo courtesy of Popular Journal

ဒီအခမ်းအနားမှာ နှစ်ပေါင်း ၂၀ ကျော် ပိတ်ပင်ခံထားရတဲ့ သြင်္ကန် သံချပ်တွေကို ရွတ်ဆိုကြပြီး၊ တစ်ခန်းရပ် ပြဇာတ်တွေနဲ့ စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။

အခမ်းအနားမှာ ဆရာကြီး ဒဂုန် တာရာ ပေးပို့တဲ့ သဝဏ်လွှာဖတ်ကြားပြီး၊ ကဗျာဆရာ မင်းသုဝဏ်နဲ့ ဆရာကြီး တင်မိုးတို့ရဲ့ ကဗျာတွေကို ရွတ်ဆိုကြသလို၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကလည်း ကဗျာတစ်ပုဒ် ရွတ်ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂ အနေနဲ့ အခမ်းအနား အခုလို ကျင်းပခွင့်ရတာနဲ့ ပတ်သက်ပြီး၊ ကဗျာဆရာများသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဆရာသစ္စာနီက အနုပညာရှင်တွေ အားလုံးလည်း လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့် ရသင့်ပါတယ်လို့ ပြောပါတယ်။

ဒီအခမ်းအနားကို စာရေးဆရာ၊ ကဗျာဆရာ၊ စာပေအနုပညာရှင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းတွေက လူစုစုပေါင်း ၃၀၀ ကျော် တက်ရောက်လာကြောင်း သိရပါတယ်။ ကုလသမဂ္ဂပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က မတ်လ ၂၁ ရက်နေ့ကို ကမ္ဘာ့ကဗျာနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။