ထိုင်းကနေ ပြန်လာသူ ၃ သောင်းနီးပါးရှိ


2017.07.10
return-myanmar-620.jpg ထိုင်းနိုင်ငံကနေ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို မြဝတီ ကျောက်လုံးကြီးစခန်းမှာ ဇူလိုင်လ ၃ ရက်နေ့က ကြိုဆိုနေကြစဉ်
Photo: Kyaw Lwin Oo/RFA

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကစတင်ပြီး ဒီနေ့အထိ မြဝတီမြို့ ကိုးသုံးလုံးနယ်စပ်ဂိတ်နဲ့ ထိုင်း-မြန်မာချစ်ကြည်ရေး တံတားကနေတဆင့် မြန်မာနိုင်ငံသား အလုပ်သမားတွေ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာတာ လူဦးရေ ၃သောင်းနီးပါးရှိနေပြီလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေ က ပြောပါတယ်။

ဒီနေ့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကနေ လူဦးရေ ၃၀၀ ကျော် ဝင်ရောက်လာတယ်လို့ မြဝတီမြို့နယ်၊ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ကပြောပါတယ်။

"ဒီနေ့လည်းပြန်လာတယ်လေ။ မနေ့ကလည်းပြန်လာတယ်လေ။ ဒီနေ့ဟာ ခုချိန်ထိဆိုရင် ၃၇၁ ဦးရောက် လာပြီပေါ့နော်။ ၂၉ ရက်နေ့ကနေ မနေ့က ၉ ရက်နေ့အထိပေါ့နော် အကြမ်းဖျဉ်းဆိုလိုရှိရင် နှစ်သောင်း ရှစ်ထောင်ကျော်လောက်တော့ ဖြစ်သွားပြီခင်ဗျ"

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အထောက်အထားမပြည့်စုံတဲ့ မြန်မာလုပ်သားတွေနဲ့ တရားမဝင် အလုပ်လုပ်ကိုင်နေ ကြတဲ့ မြန်မာလုပ်သားတွေဟာ ပြီးခဲ့တဲ့ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ မြဝတီမြို့ ကိုးသုံးလုံး နယ်စပ်ဂိတ်ကနေ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာကြတာဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့က စတင်ပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကနေသာ ဝင်ရောက်မှုတွေ ရှိတော့တာဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကနေ ဝင်ရောက်လာသူတွေကို ကျောက်လုံးကြီး ကယ်ဆယ်ရေး စခန်းမှာ နေရာချ ထားပြီး နေရပ်ပြန်လိုသူတွေကို နေရပ်ပြန်ပို့ပေးသလို ထိုင်းနိုင်ငံမှာ ပြန်လည်သွားရောက် အလုပ်လုပ်ကိုင်လို သူတွေကိုလည်း ကူညီပေးနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် က ပြောပါတယ်။

ကျောက်လုံးကြီးကယ်ဆယ်ရေးစခန်းကို လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လာရောက်ကြည့်ရှူဖို့ ရှိတယ်လို့လည်း ဦးသန့်ဇင်အောင် ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။