အဏုမြူ ပူးပေါင်းဆောင်ရွက်ရေး မြန်မာနဲ့ ရုရှား လက်မှတ်ထိုး


2015.06.19

မြန်မာနဲ့ ရုရှားနိုင်ငံတို့ကြား နျူကလီးယား အဏုမြူ စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ မနေ့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း စပွတ်နစ်သတင်းက ဖေါ်ပြပါတယ်။

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာကျင်းပနေတဲ့ နိုင်ငံတကာ စီးပွားရေးဖိုရမ်ဆွေးနွေးပွဲ ပြင်ပမှာ ရုရှားနိုင်ငံပိုင် Rosatom အဏုမြူ ကော်ပိုရေးရှင်း အကြီးအကဲ ဆာဂျီကီရင်ကိုနဲ့ မြန်မာအစိုးရ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးကိုကိုဦးတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကလည်း မြန်မာနိုင်ငံမှာ အနုမြူသုတေသနဌာန တစ်ခုဖွင့်လှစ်ဖို့ မြန်မာနဲ့ ရုရှားအစိုးရချင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရုရှားရဲ့ Rosatom အဏုမြူ ကော်ပိုရေးရှင်းဟာ ပြီးခဲ့တဲ့ ဧပြီလက အင်ဒိုနီးရှားမှာ အဏုမြူ သုတေသနဓါတ်ခွဲခန်း တည်ဆောက်ဖို့ လေလံအောင်မြင်ခဲ့ပြီး၊ မလေးရှား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေမှာလည်း အဏုမြူ သုတေသနဌာနတွေ တည်ဆောက်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။