မြန်မာ - ရုရှားကုန်သွယ်မှု ဒေါ်လာ သန်း ၅ဝဝ ရည်မှန်း

2014-08-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာအစိုးရနဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား အစိုးရ အချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင် ရွက်ရေးကော်မရှင် ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုပွဲကို သြဂုတ်လ ၃ဝ ရက်နေ့က နေပြည်တော် MICC-II မှာ ကျင်းပစဉ်

Photo:www.president-office.gov.mm

မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုကိုလာမယ့်  သုံးနှစ်အတွင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၅ဝဝ အထိ တိုးတက် လာအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီး မစ္စတာ Alexey V. Ulyukaev က ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ ရောက်ရှိနေတဲ့  ရုရှားစီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီးက နှစ်နိုင်ငံကုန်သွယ်ရေးနဲ့  စီးပွားရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းဖို့ သဘောတူ ညီချက်တစ်ရပ်ကို မြန်မာအစိုးရနဲ့ လက်မှတ်ရေးထိုးပြီး တဲ့နောက် အခုလို ထုတ်ဖေါ်ပြောသွားတာပါ။

လောလောဆယ်မှာ မြန်မာနိုင်ငံနဲ့ ရုရှားတို့ရဲ့ ကုန်သွယ်မှုဟာ တစ်နှစ်ကို ဒေါ်လာ ၁၁၄ သန်းသာ ရှိပါတယ်။

အဲဒီနှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့  စီးပွားရေးကော်မရှင်ရဲ့ ပထမအကြိမ်စည်းဝေးပွဲကို ဆက်လက်ကျင်းပကြရာမှာ ဆူခွိုင်း လေယာဉ်ကုမ္ပဏီ အပါအဝင် ရုရှား ကုမ္ပဏီပေါင်း ၆ဝ လောက်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့  Novosti ရုရှားသတင်းဌာန က ဖေါ်ပြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့