အရပ်ဝတ်တွေကို မြန်မာ စစ်သား နှိပ်စက်မှု စုံစမ်းဖို့ HRW, AI တိုက်တွန်း

2017-05-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လက်ထိပ်ခတ်ထားတဲ့ အရပ်ဝတ် သုံးဦးကို မြန်မာစစ်သားတွေက နှိပ်စက်နေတာကို တွေ့ရစဉ်
လက်ထိပ်ခတ်ထားတဲ့ အရပ်ဝတ် သုံးဦးကို မြန်မာစစ်သားတွေက နှိပ်စက်နေတာကို တွေ့ရစဉ်
Photo: Fortify Rights

မြန်မာအစိုးရအနေနဲ့ မြန်မာစစ်တပ်က ဖမ်းမိထားတဲ့ တိုင်းရင်းသားတွေကို နှိပ်စက်နေတာတွေကို စုံစမ်းသင့်တယ် လို့ တနင်္ဂနွေနေ့က လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

လက်ထိပ်ခတ်ထားတဲ့ အရပ်ဝတ် သုံးဦးကို မြန်မာစစ်သားတွေက ခြေထောက်နဲ့ ကန်သူက ကန်၊ သံခမောက်နဲ့ မျက်နှာကို ဖြတ်ရိုက်တဲ့ သူကရိုက်တဲ့ အပြင်၊ မေးမြန်းရင်းသတ်ပြစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုနေသံတွေ ပါဝင်တဲ့ ၁၇-မိနစ်ကြာ ဗီဒီယိုတစ်ခု လူမှုရေးစာမျက်နှာတွေမှာ စနေနေ့က ပြန့်နှံခဲ့ပြီးနောက် လူ့အခွင့်အရေး အဖွဲ့တွေက အခုလိုတောင်းဆိုလိုက်တာပါ။

အနှိပ်စက်ခံရသူတွေကို TNLA တအန်းပလောင်တပ်ဖွဲ့နဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေတာ ဖြစ်ပါတယ်။ နိပ်စက်နေတဲ့ စစ်သည်တွေဟာ တပ်မ ၈၈ ကဖြစ်နိုင်တယ်လို့ Fortify Rights အဖွဲ့ကပြောပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုရိုက်ကူးတဲ့နေရာနဲ့ နေ့ရက်ကိုတော့ မသိရှိရပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့နဲ့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့က မနေ့က တောင်းဆိုထားတာဖြစ် ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

Congratulations HRW and AI !!!!!!!!! What about other organizations ? No interest ?

May 29, 2017 09:21 PM

ဆိုက်တခုလုံးသို့