မြန်မာအစိုးရ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ပျက်ကွက်နေတယ်လို့ ထိုင်းအစိုးရဝေဖန်

မြန်မာအစိုးရဟာ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွေကို တိုက်ဖျက်ဖို့ ပျက်ကွက်နေတယ်လို့ ထိုင်းအစိုးရ မူးယစ်ဆေးဝါး နှိမ်နင်းရေးကို တာဝန်ယူထားသူ ဒုတိယ ဝန်ကြီးချုပ် တစ်ဦးက ဒီကနေ့ ပြောလိုက်ပါတယ်။

2012.09.06

မနေ့က မြို့တော် ဘန်ကောက်မှာ စိတ်ကြွဆေးပြား Amphetamine အလုံးရေ ၃ သန်းခွဲ နီးပါးလောက် ဖမ်းဆီးမိလိုက်ပြီးတဲ့ အချိန်မှာ ထိုင်း ဒုတိယဝန်ကြီးချုပ် Chalerm Yubamrung က မြန်မာနိုင်ငံကို ပြစ်တင် ဝေဖန်လိုက်တာပါ။

ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါး တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၃ သိန်း ခွဲလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီ စိတ်ကြွဆေးပြားတွေကို မြန်မာနိုင်ငံ ၀ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ထုတ်လုပ်နေတာ ဖြစ်ကြောင်း ပြောဆိုလိုက်သလို မြန်မာနိုင်ငံက မူးယစ်ဆေး ထုတ်လုပ်မှု တိုက်ဖျက်ပေးဖို့ တရုတ်အစိုးရ ကနေတဆင့် မြန်မာ အစိုးရကို ဖိအားပေးသွားမယ်လို့ ထိုင်း ဒုတိယ ဝန်ကြီးချုပ် Chalerm က ပြောလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။