အချင်းချင်းညီညွှတ်မှ သာ ပြုပြင်ပြောင်းလဲရေး စစ်မှန်တဲ့ အောင်မြင်မှုရမည်

2013-09-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံသားအချင်းချင်း ညီညွှတ်မှုတည်ဆောက်နိုင်မှသာ ပြုပြင်ပြောင်းလဲရေးအတွက် စစ်မှန်တဲ့အောင်မြင်မှု ရရှိနိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောကြားလိုက်ပါတယ်။

Shangri-La ဟိုတယ်မှာ ကျင်းပတဲ့ စင်ကာပူထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရာမှာ အဲဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။

မြန်မာ့ စီးပွားတိုးတက်ဖွံ့ဖြိုးဖို့ မြန်မာအစိုးရက အာမခံထားပေမယ့် ဒီအတွက် ပြည်တွင်းညီညွတ်ရေး၊ တရားဥပဒေ စိုးမိုးမှုတိုးတက်ရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးက အဓိကကျတယ်လို့ ပြောကြားပါတယ်။ ပွင့်လင်းမြင်သာမှုကလည်း အထူးအရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

ပွင့်လင်းမြင်သာမှုဟာ မိမိကိုယ်မိမိယုံကြည်မူနဲ့ဆက်စပ်နေပါတယ်။ ဝေဖန်တာလက်ခံဖို့ ရိုးသားမှုနဲ့ ပွင့်လင်း ထင်သာမြင်သာမှုရှိဖို့ မိမိကိုယ်မိမိ ယုံကြည်မှုရှိလောက်တဲ့ ခေါင်းဆောင်ပိုင်းကို ကျမတို့ လိုအပ်ပါတယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍတွေ အမြန်ပြုပြင်ပြောင်းလဲနေပေမယ့် လူမျိုးရေးအကြမ်းဖက်မှုနဲ့ တရားဥပဒေစိုးမိုးရေးပိုင်းမှာ အားနည်းတာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်စရာ ရှိနိုင်တယ်လို့လည်း ညီလာခံမှာ ပြောကြားပါတယ်။ အဲဒီ စင်ကာပူထိပ်သီးညီလာခံကို အစိုးရတာဝန်ရှိသူတွေ၊ စီးပွားရေးခေါင်းဆောင်တွေ ၃၅၀ လောက်တက်ရောက်ကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့