မြန်မာ-အမေရိကန် စစ်တပ်ချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ်

2016-05-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ စစ်တပ်ချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ်နေတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော် အကြီးတန်းအရာရှိ တစ်ဦးက ပြောပါတယ်။

အရပ်ဘက်အစိုးရအဖြစ် အသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံကို အားပေးကူညီဖို့အတွက် ဘယ်လိုနေရာတွေမှာ စစ်တပ်ချင်း ထိတွေ့ဆက်ဆံ ချိတ်ဆက်ဆောင်ရွက်နိုင်မလဲဆိုတာ လွှတ်တော်နဲ့ အသေအချာ တိုင်ပင်ဆွေးနွေးနေ ပါတယ်လို့ အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်အကြံပေးပုဂ္ဂိုလ် Ben Rhodes က ပြောဆို ခဲ့တာပါ။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာတွေထဲကတချို့ကို ဖြေလျှော့ပေးလိုက်ကြောင်း သမ္မတ အိုဘားမား က ကြေညာခဲ့အပြီး၊ နောက်တစ်ရက်မှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

နှစ်နိုင်ငံစစ်တပ်ချင်း ထိတွေ့ဆက်ဆံရေး အစီအစဉ်တွေမှာ အကြီးတန်းစစ်ဘက်၊ အရပ်ဘက်အရာရှိတွေ အပြန်အလှန်လည်ပတ်ကြတာ၊ နိုင်ငံတကာ လူ့အခွင့်အရေး၊ စစ်ရေးပဋိပက္ခဆိုင်ရာ ဥပဒေ၊ ထိတွေ့ဆက်ဆံမှု စည်းမျဉ်း တွေနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ၊ ပစိဖိတ်ဒေသမှာ အမေရိကန်က နှစ်စဉ် ကျင်းပနေတဲ့ Cobra Gold ခေါ် ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုတွေမှုကို လေ့လာရေးတွေ ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာ့တပ်မတော်ကို အရပ်ဘက်အစိုးရအောက်မှာ စစ်တပ်ပီပီသသ ဖြစ်လာရေးအတွက် တပ်မတော်၊ သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း Ben Rhodes က ပြောဆို ခဲ့ပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

အမေရိကန်ပူးပေါင်းတာ နှစ်နိုင်ငံချစ်ကြည်ရေးကောင်းမွန်ပါတယ်..မိတ်ဖွဲ့တာကျေးဇူးတင်ပါတယ်..မြန်မာနိုင်ငံရဲ့တခုတည်းသောတပ်မတော်ဖြစ်ရေးသည် မိမိပြည်တွင်းရေးဖြစ်ပါသည်..ထို့ကြောင့် တိုင်းရင်းသား(၁၄)ခုနဲ့ပူးတွဲနေထိုင်ရန်အတွက်ထာဝရငြိမ်းချမ်းရေးသည်(လက်ခုပ်သည် နှစ်ဖက်တီးမှမြည်ပါသည်)အားလုံးယုံကြည်ပြီး အမိနိုင်ငံတော်တိုးတက်ရေးအတွက် လက်နက်စွန့်ပြီး စစ်မှန်သော ပင်လုံစာချုပ်ပြန်ချုပ်နိုင်ပါစေရန်ဆုတောင်းပါသည်

May 20, 2016 01:12 PM

ပြတ်သားပါ အမေရိကန်

အမေရိကန်က အခုလိုနယ်ပယ်တွေမှာ
ပူးပေါင်းတာကောင်းပါတယ်

သို့ သော် အမှန်တကယ် ယင်းထက်ပိုမို
လေးနက်သည့် စစ်ရေးပူးပေါင်းဆောင်
ရွက်မူကို ပြတ်၂သား၂ တပ်မတော်နှင့်ပြုလုပ်ရင် NCA လက်မှတ်မထိုးတဲ့အဖွဲ့ တွေ လက်မှတ်ထိုးလာဖို့ 


ယင်းမှတဆင့် အရောင်စုံတိုင်းရင်းသား လက်နက်ကိုင်များအားလုံး
လက်နက်များ စွန့် လွှတ်ပီး ဥပဒေဘောင်အတွင်းကနိုင်ငံ
တည်ဆောက်ရေးမှာ လျှင်မြန်စွာပါဝင်လာဖို့ 
တွေက အလျင်အမြန်ပိုဖြစ်လာမှာပါလို့  သုံးသတ်မိပါတယ်

"Why" ဆိုတဲ့မေးခွန်းအဖြေက ပြည်သူ
အားလုံးသိပီးသားပါ

May 20, 2016 12:04 AM

ဆိုက်တခုလုံးသို့