မြန်မာနဲ့ ဗီယက်နမ် ချစ်ကြည်ရေးဘောလုံးပွဲ သရေကျ


2015.05.23
mya-football-vietnan-305.jpg မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်း မေလ ၂၂ နေ့က ဗီယက်နမ်နိုင်ငံမှာ ချစ်ကြည်ရေးခြေစမ်းပွဲ ကစားနေကြစဉ်။
Myanmar Football Federation Facebook

မြန်မာနဲ့ ဗီယက်နမ် ဘောလုံးအသင်းတွေ မနေ့က ချစ်ကြည်ရေးပွဲကစားရာမှာ ၂ ဂိုးစီနဲ့ သရေကျသွားပါ တယ်။ ဗီယက်နမ်နိုင်ငံ အရှေ့မြောက်ပိုင်း ကွမ်နင်းပြည်နယ် မှာ သောကြာနေ့ညက ကျင်းပ တဲ့ ဘောလုံးပြိုင်ပွဲမှာ ဗီယက်နမ်အသင်းက ပွဲစပြီး ၂၃ မိနစ်မှာ ပထမဂိုးရပြီး ၇၅ မိနစ်မှာ မြန်မာက ချေပဂိုး သွင်းနိုင်ခဲ့ပါတယ်။

နောက် ၂ မိနစ်မှာ ဗီယက်နမ်အသင်းက ဒုတိယဂိုးရခဲ့ ပြီး မိနစ် ၉ဝ မှာ မြန်မာက ဒုတိယ ဂိုးရခဲ့ပါ တယ်။ မြန်မာအသင်းဟာ စင်္ကာပူမှာ ဇွန်လ ကျင်းပ မယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ခြေ စမ်းတဲ့အနေနဲ့ မနေ့က ချစ်ကြည်ရေးပွဲကို ကစားခဲ့ တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။